Part 9

2K 167 3
                                    

"ယွန်း ငါ့အိမ်ရောက်ပြီ ငါသွားတော့မယ်နော်"

ဂိုက်ကဆင်းလို့အိမ်ပြန်လျှင် ကားပေါ်မှာမှေးနေတတ်တာ အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။ ဒီနေ့တော့ မှေးနေရာမှ အိပ်ပျော်သွားခဲ့တာ သု လာနှိုးမှပဲနိုးတော့သည်။

"အင် အင်း တာ့တာ မနက်ဖြန်မှတွေ့မယ်"

သေချာမပွင့်သေးသောမျက်လုံးကို ပွတ်သပ်ပြီး နှုတ်ဆက်စကားဆိုလိုက်တော့ ပြုံးရယ်ပြကာ ကားပေါ်မှဆင်းသွားသောကောင်လေး။ ကြီးကျယ်ခမ်းနားသော အိမ်ကြီးအတွင်းသို့ဝင်သွားသည့် ကျောပြင်လေးပျောက်ကွယ်သည်အထိ ယွန်းကြည့်နေမိသည်။

"သွားရအောင် ဦးဇော်"

သူမြတ်နိုးရသောကျောပြင်လေး မြင်လွှာကပျောက်သွားမှ သူ့ကားပြန်ထွက်တတ်တာ သူ့ရဲ့အကျင့်တစ်ခု။

နင့်အတွက်ငါ ကိုမဟာဇံနဲ့လမ်းခွဲပေးခဲ့ပြီးပြီလေ သု။
နင်ရဲရဲကြီးရှေ့ဆက်တိုးလိုက်ပါတော့။ နင်ကငါ့ကိုအခုချိန်ထိဖုံးကွယ်ထားပေမဲ့ နင့်ကိုအမြဲအရိပ်တကြည့်ကြည့်နဲ့ကြည့်နေခဲ့တဲ့ငါက နင့်အမူအရာနည်းနည်းလေးပြောင်းတာနဲ့တင် သိတယ်။
နင့်မျက်လုံးကနေတစ်ဆင့် နင့်နှလုံးသားထဲထိငါမြင်နိုင်တယ်။ အဲ့လိုမြင်နိုင်လောက်အောင် နင်ကပဲရိုးသားလွန်းတာလား ငါကပဲ နင့်ကိုနားလည်နိုင်လွန်းနေတာလားတော့မသိဘူး။

ပုံမှန်အချိန်ဆိုပြုံးပျော်နေတတ်တဲ့နင်က ကိုမဟာဇံရှေ့ရောက်ရင် လူနဲ့စိတ်နဲ့မကပ်ဘဲ မြေကြီးထဲစိုက်ဝင်မတတ် ခေါင်းကိုငုံ့ထားတတ်တာတွေ၊ ကိုမဟာဇံ ဘတ်စကက်ဘောကစားတဲ့ တနင်္ဂနွေနေ့ညနေပိုင်းတွေဆို နင်ပါဘယ်တော့မှအိမ်မှာမရှိတာတွေ၊ ကိုမဟာဇံနဲ့ချိန်းတွေ့တိုင်း အကွယ်တစ်နေရာရာက နင်ငေးနေတတ်တာတွေကို သေချာသတိထားကြည့်မယ်ဆို ငါသိနိုင်တာပေါ့။ ငါအစောကြီးသတိမထားမိခဲ့လို့ နင့်ကိုနာကျင်စေခဲ့ရင် ငါတောင်းပန်ပါတယ်။ ငါနင့်ကိုမနာကျင်စေချင်ဘူး သုရယ်။

နင်ငါ့ကိုဝန်ခံခဲ့တဲ့နေ့က ငါဘယ်လောက်‌တုန်လှုပ်ခဲ့ရလဲဆိုတာ နင်မသိဘူး သု။ ငါ့မျှော်လင့်ချက်တွေအားလုံး ရိုက်ချိုးခံလိုက်ရသလို ခံစားခဲ့ရတာ။ နင်နဲ့ငါကသူငယ်ချင်းဆိုတာထက် မောင်နှမလိုဖြစ်နေတာဆိုတော့ ငါရှေ့ဆက်တိုးဖို့မဝံ့ရဲခဲ့ဘူး။ နင်နဲ့ငါ့ကိုကန့်သတ်ထားတဲ့ စည်းက အရမ်းကြီးလွန်းခဲ့တယ်။
ခြားနေတဲ့စည်းကိုကျော်ပြီး နင့်ကိုဖွင့်ပြောဖို့ ငါ့မှာ‌အားယူနေခဲ့ရတာ။ အခုတော့ အရင်စည်းကိုတောင်မကျော်ရသေးခင် နောက်စည်းတစ်ခုက ထပ်ခြားလိုက်ပြန်ပြီ။ နင်ကငါ့အတွက် အနီးဆုံးမှာရှိပြီး အဝေးကြီးဝေးနေခဲ့တာပဲ။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Onde as histórias ganham vida. Descobre agora