မနက်ခင်း အိပ်ရာနိုးလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ရင်ခွင်ထဲ၌ငြိမ်ငြိမ်လေးအိပ်ပျော်နေသော ညီသုရှင်ကိုဦးစွာမြင်ရခြင်းက မဟာဇံအတွက် ဘာနဲ့မှမလဲနိုင်သော မင်္ဂလာတစ်ပါး။
ဘေးတစောင်းအိပ်နေသောညီသုရှင်၏ ဘယ်ဘက်ပါးပြင်နုနုကို မဟာဇံအသဲတယားယားဖြင့် အနမ်းတစ်ပွင့်ပေးမိသည်။ ညီသုရှင်၏ပါးပြင်နှင့် သူ့နှုတ်ခမ်းတို့ထိမိတိုင်း ရင်ဘတ်ထဲမှ လှပ်ခနဲခုန်၏။
"မောနင်း ညီ"
ညီမနိုးသေးမှန်းသိသော်လည်း နှုတ်ဆက်စကားပြောပြီး နဖူးပေါ်ကိုအနမ်းတစ်ပွင့်ထပ်ပေးတော့ အင်း၊အဲ မြည်သံပြုပြီး မဟာဇံနှင့်ဆန့်ကျင်ဘက်သို့ လှည့်သွား၏။
သူ့ကိုကျောပေးပြီးအိပ်နေသောညီသုရှင်၏ တင်ပါးလေးကို အသဲတယားယားဖြင့် သုံး၊လေးချက်လောက် ဆင့်ပုတ်ပြီးမှ အိပ်ရာကထလာခဲ့ပြီး မျက်နှာသစ်၊ သွားတိုက်လိုက်သည်။
သူမျက်နှာသစ်၊ သွားတိုက်ပြီးတဲ့အထိလည်း ညီသုရှင်မနိုးသေးပါ။ ပိတ်ရက်မို့လို့ အိပ်ရေးဝဝအိပ်ပါစေဆိုပြီး မနှိူးတော့ဘဲ နှစ်ယောက်သားစားဖို့အတွက် မနက်စာပြင်ဆင်ရန် မီးဖိုချောင်သို့ထွက်လာခဲ့လိုက်သည်။
အိမ်မှာနေတုန်းက အမေချက်ကျွေးတာအဆင်သင့်စားပြီးနေလာခဲ့တာမို့ အခုချိန်မှာ မဟာဇံကောင်းကောင်းချက်တတ်တာဆိုလို့ ဘာမှမရှိ။ စိတ်ကူးပေါက်ရာ ကြားဖူးနားဝရှိတာလေးတွေ ချက်ပြုတ်ပြင်ဆင်ပေးခဲ့ပေမယ့် ညီကတော့ စားကောင်းတယ်လို့ချီးကျူး၏။
"ကိုဇံ ဒီနေ့ ဘာချက်မှာလဲ"
ဘယ်အချိန်ကနိုးလာမှန်းမသိသော ညီသုရှင်က မဟာဇံ၏ခါးကိုဖက်ကာ မီးဖိုပေါ်သို့ မဟာဇံ၏နောက်မှ ခြေဖျားထောက်ကြည့်ရင်း မေး၏။
"နိုးပြီလား ညီ... အိပ်ရေးဝရဲ့လား"
"ဟုတ်။ အိပ်ရေးက ဝပါတယ်။ အခု ဗိုက်ဆာတယ် ဘာစားရမှာလဲ"
"ခဏစောင့် ကိုယ်sandwichလုပ်ပေးမယ်... ရေခဲသေတ္တာထဲက နွားနို့နဲ့တွဲစားလို့ရအောင်"
"ဟုတ်... ဒါဆို ကျွန်တော်နွားနို့တွေထည့်ထားလိုက်မယ်နော်"
YOU ARE READING
Forevermore {ယခုမှသည် နောင်ထာဝစဉ်}
Randomရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း... [Unicode+Zawgyi] ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း...