Part 7

2.1K 182 3
                                    

"ယွန်း ပြောစရာရှိတယ်ဆို...ဘာပြောမလို့လဲ"

မဟာဇံတို့ စာမေးပွဲဖြေပြီး ကျောင်းပိတ်ထားဆဲမို့ အိမ်မှာအိပ်လိုက်စားလိုက်လုပ်နေစဉ် ယွန်းက ပြောစရာရှိလို့ တွေ့ချင်သည်ဆိုသဖြင့် ကော်ဖီဆိုင်လေးတစ်ဆိုင်သို့ရောက်နေရသည်။ ဧကန္တ လွန်ခဲ့တဲ့တစ်ပတ်အောင်စာရင်းထွက်တုန်းက ငါဂုဏ်ထူးနှစ်ဘာသာပါလို့ ဂုဏ်ပြုပေးဖို့များလား? တွေ့ဖို့ပြောတာလည်းသူ၊ အခုထိစကားတစ်ခွန်းမှမပြောသေးဘဲ နှုတ်ဆိတ်နေတာလဲသူ။ အဲ့တော့ တိတ်ဆိတ်နေတဲ့အခြေအနေကြီးကို ဖြိုခွင်းရန်စကားလမ်းကြောင်းရသည်မှာ ကျွန်တော် မဟာဇံ။

"နောက်၄လဆို ကိုယ်တို့၁နှစ်ပြည့်တော့မယ်နော်"

ယွန်းနှင့်သူက ၁ဝလပိုင်းသီတင်းကျွတ်ကာလတွင် တွဲခဲ့ကြသည်မို့ ၁ဝလပိုင်းရောက်လျှင် ၁နှစ်ပြည့်ပြီဖြစ်သည်။
ကျွန်တော်ပြောသည်ကို ယွန်းကကြားဟန်မတူ။ သူပြောရမည့်စကားကိုသာ ဘယ်က,စပြောရမလဲ စဉ်းစားနေဟန်။ ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ သူပြောလာမည့်စကားများကိုသာ ကော်ဖီသောက်ရင်းစောင့်နေလိုက်သည်။

"ယွန်းတို့လမ်းခွဲကြရအောင် ကို"

ယွန်းပြောလာသည့်စကားကို မထင်မှတ်ထားသဖြင့် အံ့ဩမိသည်။

"လမ်းခွဲရတာဘာလို့လဲဆိုတဲ့ အကြောင်းပြချက်ခိုင်ခိုင်လုံလုံတော့ လိုချင်တယ်"

"ယွန်းချစ်တဲ့လူကို ယွန်းမဆုံးရှုံးချင်ဘူး ကို။ ယွန်း ကို့ကို သံယောဇဉ်ရှိပါတယ်။ ဒါပေမဲ့ သူနဲ့တော့မလဲနိုင်ဘူး။ ကိုလည်း ယွန်းကို ချစ်ခဲ့တာမှမဟုတ်တာ။ ယွန်းလည်းကို့ကို မချစ်ခဲ့ဘူး။ သူ့နေရာမှာ အစားထိုးချင်ခဲ့ရုံပဲ။ ကို့ကို အသုံးချခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်"

ယွန်းက ကျွန်တော့်ကိုသေချာကြည့်ပြီး အကြောင်းပြချက်ခိုင်လုံစွာဖြင့် ရှင်းချက်ထုတ်ပေးသည်။ 
ဒါနဲ့ သူဆိုတာက ဘယ်သူလဲ?

"ယွန်းပြောတဲ့ သူ ဆိုတဲ့လူကို ကိုယ်သိခွင့်ရှိမလား"

ယွန်းကပြတ်သားစွာပင်

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Where stories live. Discover now