Part 23

1.6K 121 7
                                    

ဒီတစ်ပတ် စနေ၊တနင်္ဂနွေပိတ်ရက်ကတော့ အရင်အပတ်တွေကလို ပျော်ရွှင်စရာကောင်းမနေခဲ့ပါ။ တစ်ပတ်မှ နှစ်ရက်ပဲညီနဲ့အတူရှိရတဲ့အချိန်လေးမှာ တစ်ရက်ကို ကဗျာဇံအား ပေးလိုက်ရ၍ဖြစ်သည်။

ညီက နံနက်၈နာရီလောက်တည်းက အိမ်ကထွက်သွားတာဖြစ်ပြီး ညနေ၆နာရီလောက်မှ ပြန်လာမယ်လို့လည်း တစ်ခါတည်း‌ပြောသွား၏။

အရင်လိုလမ်းသလားခြင်းအမှုကို မဟာဇံမပြုတော့သည်မှာ ညီသုရှင်နဲ့ချစ်သူမဖြစ်ခင်ကတည်းကပင်။ ထို့ကြောင့် အိမ်မှာပဲနေပြီး လုပ်စရာရှိသော အိမ်အလုပ်များကိုသာ စိတ်မပါလက်မပါလုပ်နေလိုက်‌တော့သည်။

ညီပြောသလို ကိုယ့်သူငယ်ချင်းတွေနဲ့လျှောက်မလည်ဖြစ်တာတောင် အတော်ကြာပြီ။ တက္ကသိုလ်ချင်းတူပေမယ့် မေဂျာချင်းမတူတော့ ကျောင်းမှာတောင် သူတို့နဲ့နေ့တိုင်းလိုလိုမဆုံဖြစ်ကြ။ အစွဲအလမ်းကြီးတဲ့ကိုယ့်မှာ ခင်ရတဲ့သူငယ်ချင်းတွေဆိုလို့လည်း ဒီကောင်တွေပဲရှိတာပင်။ မေဂျာတူသူငယ်ချင်းတွေကိုတော့ ခင်ပေမယ့် ဒီကောင်တွေလောက်တော့မဟုတ်။

"အင်းးး... ညီမရှိတဲ့နေ့ရက်တွေက ကိုယ့်အတွက်တော့ သာယာမှုမရှိဘဲ ခြောက်ကပ်ကပ်နဲ့ပါလေ... အယ့်လဲ့"

သူ့ဟာသူရေရွတ်ရင်း သူ့ဟာသူသဘောကျနေပုံဖြင့် မဟာဇံမျက်နှာက ပြုံးစစ။

မဟာဇံက အိမ်မှာနေရင်းတောင် ပေါင်လယ်ခန့်ဘောင်းဘီတိုကိုမဝတ်ဘဲ
ခြေမျက်စိထိရှည်သည့် ချည်သားဘောင်းဘီရှည်ကို ဒူးအထိခေါက်တင်ကာ ဝတ်ဆင်ထား၏။ ပေါ်နေသော ခြေသလုံးသားဖွေးဖွေးရှိ အမွှေးအမျှင်တွေပေါ်မှာတော့ ရေစက်တို့က ခိုသီးနေပေသည်။ လက်ထဲမှာလည်း လျှော်ထားပြီးသားအဝတ်တွေထည့်ထားသည့် ဇလုံကြီးကို လက်နှစ်ဖက်ဖြင့်သေချာကိုင်ပြီး အိမ်ရှေ့ဝရန်တာသို့ မဟာဇံထွက်လာ၏။ အကြောင်းမှာ သူကိုယ်တိုင်လျှော်ဖွတ်ထားသော တစ်ပတ်စာအဝတ်များကို နေလှန်းရန်ဖြစ်သည်။

"ကိုယ့်နှလုံးသားလေးလည်း..ရင်ခုန်နှုန်းထိန်းဖို့ခက်ပြီ.... ငြိမ်အောင်တင်းထားလို့မရ မယုံနိုင်ဘူးမင်းနဲ့တွေ့စဉ်... ဒါအချစ်လို့ခေါ်မလား ကိုယ်မသိလိုက်မိ ရင်ခွင်ထဲတိုး... နောက်ဆုံးတော့ မင်းနဲ့မှချစ်တတ်ပြီပေါ့"

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Where stories live. Discover now