Part 11

2K 167 5
                                    

ကဗျာဇံ...ကဗျာဇံ။ ကောင်းကျိုးမပေးတဲ့ညီမ။ အစ်ကိုဖြစ်သူကို ခိုင်းစားဖို့လောက်ပဲသိတဲ့ညီမ။ အစ်ကိုလိုမျိုးအဖြစ်မရှိတော့ ပူစာရမဲ့ဘဲကလည်းမရှိ။ ကြားထဲကငါပဲ သူဘယ်သွားသွားလိုက်ပို့နေရတာ။ တခြားအစ်ကို‌တွေလိုမျိုး ငါ့ညီမနား ဘယ်သူမှမကပ်နဲ့ဆိုတဲ့စိတ်မျိုး မဟာဇံတွင်မြူမှုန်လောက်ပင်မရှိ။ တစ်ချို့တွေဆို ညီမတို့ အစ်မတို့ရှိရင်ပဲ ယောက်ဖယောက်ဖနဲ့ တစာစာအခေါ်ခံနေရတာ။ ကိုယ့်သူငယ်ချင်းတွေကတော့ ယောက်ဖခေါ်ဖို့နေနေသာသာ တောများထွက်ကြတော့မလားတောင်မှတ်ရတယ်။

ရာသီဥတုက ကြည်လင်သာယာနေသော်လည်း မဟာဇံ၏စိတ်တို့ကတော့ သာယာမနေပါ။ ဘုရားရောက်နေ၍သာ အနည်းငယ်အေးချမ်းနေသော်လည်း ညီမဖြစ်သူကို မကျေချမ်းနိုင်သေး။

မဟာဇံတို့မောင်နှမ ရောက်ရှိနေသည်မှာ ရွှေတိဂုံဘုရားတွင်ဖြစ်သည်။ အကြောင်းမှာ ကဗျာဇံက မနက်ဖြန်တနင်္လာနေ့တွင် ရန်ကုန်တက္ကသိုလ်၌ ဝင်ခွင့်အတွက် လူတွေ့ဖြေရမည်ဖြစ်သည်။ သူ့ညီမအကျင့်က စာမေးပွဲမဖြေခင်တွင် အမြဲလိုလိုအောင်မြေလာနင်းလေ့ရှိခြင်းပင်။ ဒီနေ့မှ မေမေတို့ကလည်း မင်္ဂလာဆောင်သွားစရာရှိသည်တဲ့။ အဲ့တော့ ဒီအရှုပ်ထုပ်က ကျွန်တော့်ခေါင်းပေါ်‌အလိုလိုရောက်လာရော။

အောင်မြေနင်းရုံနဲ့မပြီး။ ဘုရားကိုလည်းတစ်ပတ်ပတ်လိုက်ရမှ၊ နေ့နံထောင့်တွင်ရေလည်းသပ္ပာယ်လိုက်ရမှ ကျေနပ်သူပင်။ ကော်ဖီသရဲမက မနက်တည်းကဝယ်လာသောကော်ဖီကို တစ်စက်ချင်းဇိမ်ခံသောက်နေသည်မှာ အခုထိမကုန်နိုင်သေး။ ကဗျာဇံဘုရားဝတ်ပြုနေစဉ်တစ်လျှောက်လုံးလည်း ဒီကော်ဖီခွက်က သူ့လက်ထဲမှာ။ အဖုံးလည်းမရှိတော့ အောက်မချထားချင်သဖြင့် ကိုင်ထားပေးပါတဲ့။ အဲ့တော့လည်း သခင်မအလိုကျပါပေါ့။ မဟုတ်ရင် သူနားပူမည့်ဒဏ်ကို မဟာဇံမခံနိုင်။

ညီမဖြစ်သူ ရေသပ္ပာယ်ကာ ဘုရားရှိခိုးဆုတောင်းနေစဉ် မဟာဇံ ဘုရားတစ်ပတ်ပတ်ရန် စိတ်ကူးမိသည်။ နံနက်ခင်းချိန်ခါဖြစ်သဖြင့် ဘုရားရင်ပြင်တော်ပေါ်တွင်လူမရှုပ်ဘဲ အေးချမ်းတိတ်ဆိတ်လှသည်။ ကိုယ်သွားမဲ့ရှေ့မှာ ဓာတ်ပုံရိုက်နေတော့လည်း ဖြတ်မလျှောက်ဘဲ အလိုက်တသိနဲ့ရပ်စောင့်ပေးရသေးသည်။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Where stories live. Discover now