Part 15

1.9K 154 12
                                    

ဆက်လိုက်ရမလား... မဆက်ရဘူးလား။ တကယ်လို့ သူကိုင်လိုက်ရင်ရော ငါကဘာပြောရမှာလဲ... "ညီ့အသံလေးကိုကြားချင်လို့"လို့သာ အမှန်အတိုင်းပြောလိုက်လို့‌ကတော့ ငါ့ဖုန်းနံပါတ်ကို အမည်မဲစာရင်းထဲမသွင်းလိုက်ရင်ကံကောင်း။

မဟာဇံနှင့်ညီသုရှင်မတွေ့ဖြစ်ကြသည်မှာ ဖုန်းနံပါတ်ရပြီးသည့်နေ့ကတည်းကဆို တစ်ပတ်ပင်ရှိပြီ။ သူ့ညီမကိုခုတုံးလုပ်ကာ သွားတွေ့ချင်သော်လည်း အခုတလောကျောင်းကိစ္စတွေနှင့် အလုပ်ရှုပ်နေသည်။ ရန်ကုန်တက္ကသိုလ်ဘက်သို့ ခြေဦးတောင်မလှည့်ဖြစ်။

အခုတလော ထူးဆန်းနေသည်ဟု မဟာဇံသူ့ကိုယ်သူထင်မိသည်။ ညီ့ကိုမတွေ့ရရင်တွေ့ချင်သည်။ ဒါက အခုမှမဟုတ်။ ညီနဲ့ပထမဆုံးစတွေ့ပြီးကတည်းက ထိုကဲ့သို့ဖြစ်နေခဲ့သည်ပင်။ အခုက ပိုဆိုးလာသည်။ သူ့မျက်နှာလေးကိုမတွေ့ရရင်တောင် သူ့သံလေးကို ကြားချင်သည်။

အရင်လို ညီ့အကြောင်းဘာမှမသိခဲ့သည့်အချိန်ဆိုရင် ဖြေသိမ့်နိုင်သေးသော်လည်း ယခုအခါတော့ဖြင့် တက်ရောက်သောကျောင်းကိုသိရုံသာမက သူကိုင်သည့်ဖုန်းနံပါတ်လည်းသိနေသည်မို့ ပြေးတွေ့လိုက်ချင်စိတ်တွေကို မနည်းထိန်းချုပ်နေရသည်။ ဘာလို့အခုလိုဖြစ်နေလဲဆိုတာတော့ သူကိုယ်တိုင်တောင်မသိ။

အခုလည်း ညီ့ဆီဖုန်းဆက်ရမလို မဆက်ရမလိုနှင့် ဂနာမငြိမ်ဖြစ်နေသည်။

"ဘာပဲဖြစ်ဖြစ်ခေါ်ကြည့်မယ်ကွာ"

စိတ်ဆုံးဖြတ်ပြီးခေါ်ဖို့ပြင်သော်လည်း အစိမ်းရောင်ခလုတ်လေးအား ထိလုထိခင်မှာပင် မထိဘဲရပ်တန့်သွားပြန်သည်။

"ဝင်သွားရင် ဘာလုပ်ရမလဲ... ဘာပြောရမှာလဲ။ နေကောင်း‌လား၊ ထမင်းစားပြီးပြီလားလို့ မေးရမှာလား။ အဲ့လိုသွားမေးရအောင် ရူးနေတာမို့လို့လား"

ဟာကွာ ကျစ်! စိတ်ရှုပ်လိုက်တာ... ဘယ်လိုလုပ်ရမလဲ။

ခေါ်မလိုပြင်လိုက် မခေါ်ဖြစ်လိုက်နဲ့ ချိတုံချတုံဖြစ်နေသည်မှာ ၁ဝခါပင်မကတော့။ ငယ်ငယ်ကကြည့်ခဲ့ရသော ကြောင်နဲ့ကြွက်ကာတွန်းထဲကလို ဦးခေါင်းထိပ်မှာအဝိုင်းလေးပါသော အဖြူရောင်စိတ်ကောင်းနှင့် ဦးခေါင်းတွင်ဂျိုပေါက်နေသော အနက်ရောင်မကောင်းစိတ်တို့ပြိုင်ကြသကဲ့သို့
မဟာဇံ၏ လှုံ့ဆော်စိတ်နှင့် ငြင်းဆန်စိတ်တို့ အားပြိုင်နေကြရာ

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Où les histoires vivent. Découvrez maintenant