Part 21

1.8K 135 2
                                    

"ကိုဇံရေ ကျွန်တော်သွားတော့မယ်နော်။ ဒီနေ့ presentationလုပ်ရမှာ နောက်ကျလို့မဖြစ်ဘူး"

အခန်းထဲက ခပ်သုတ်သုတ်ထွက်လာပြီး ရှူးဖိနပ်ကို ကုံးကုံးကွကွစီးရင်း အလောတကြီးပြောနေသော ညီ။ ကျွန်တော်ပဲအချိန်မှားကြည့်မိသလားလို့ တိုင်ကပ်နာရီကိုပြန်ကြည့်မိတော့ နာရီလက်တံအတိုအရှည် နှစ်ချောင်းလုံးက '၇'ဝန်းကျင်ကိုညွှန်ပြလျက်သား။ အစောကြီးရှိပါသေးတယ်။

"အခုမှ ၈နာရီတောင်မထိုးသေးဘူးလေ ညီရာ... မနက်စာလေးတော့ စားသွားမှပေါ့။ Presentationလုပ်ရမယ်ဆို အားရှိမှဖြစ်မှာပေါ့"

"၉နာရီ အတန်းစမှာလေ ကိုဇံရာ... ပြင်ရဆင်ရမှာနဲ့ စောစောသွားမှရမှာပေါ့ အခုတောင် တော်တော်နောက်ကျနေပြီ"

"အမလေး အစ်ကိုတော်ရယ် အတန်းကဖြင့် ၉နာရီမှစမှာကို ပြောနေတဲ့ပုံက နောက်ငါးမိနစ်နေရင် စတော့မယ့်အတိုင်းပဲ။ ခင်ဗျားလေးရဲ့တက္ကသိုလ်ကလေ အေးဆေးလမ်းလျှောက်သွားရင်တောင် နာရီဝက်လောက်နဲ့ရောက်တယ်။ အခုခင်ဗျားလေးက ‌ကားနဲ့သွားမှာလေ ဘယ်နှမိနစ်မှကြာမှာမဟုတ်ဘူး။ လာ မနက်စာစားပြီးမှသွား"

"အာ ကျွန်တော်ဖိနပ်စီးပြီးနေပြီ ပြန်မချွတ်ချင်တော့ဘူး ဗိုက်လည်းမဆာတာမို့လို့ မစားတော့ဘူး။ အတန်းပြီးမှပဲ ကန်တင်းမှာတစ်ခုခုသွားစားလိုက်မယ်လေ"

"ခေါင်းမာတဲ့ခင်ဗျားလေးကို ပြောလည်းရမှာမဟုတ်လို့ အတင်းမစားခိုင်းတော့ပါဘူးဗျာ။ ဒါပေမယ့် ကိုယ် ဘူးနဲ့ပြင်ဆင်ပြီးထည့်ပေးလိုက်မယ်။ ဖိနပ်ပြန်မချွတ်ချင်ရင် ဒီမှာခဏစောင့်နေနော် လိမ္မာတယ်"

ခေါင်းကိုခပ်ဖွဖွပုတ်ရင်း ဆံနွယ်အချို့ကို ကိုင်ဖွ၍ကျီစယ်သွားသော ကိုဇံ။ ဆံပင်ကိုဖွဖို့မပြောနဲ့ ကိုင်ရင်တောင်မကြိုက်တတ်တဲ့ကျွန်တော်က ကိုဇံရဲ့ထိုအပြုအမူကို သဘောကျနေပါသတဲ့။ သေချာပုံသွင်းထားတဲ့ ဆံပင်ပုံစံပျက်သွားမှာကိုတောင် မစိုးရိမ်နိုင်ဘဲ အလိုလိုပြုံးနေမိပြန်တယ်။ သူအဲ့လိုပြောသွားမှတော့ ဒီလူက ငြင်းနိုင်ဦးမယ်တဲ့လား။

အရင်လို မနက်စာမစားဘဲကျောင်းသွားခဲ့တဲ့နေ့ရက်တွေက သူ့ဘဝရဲ့အတိတ်စာမျက်နှာမှာ ကျန်နေခဲ့ပြီ။ ကိုယ့်အတွက် စိတ်ပူပေးပြီး ကိုယ့်ကိုဂရုစိုက်တဲ့လူရှိနေပြီဆိုတဲ့အတွေးက ရင်ထဲကိုသိမ့်ခနဲနွေးသွားစေသည်။  ကျွန်တော် ခင်ဗျားကို တစ်နေ့တစ်ခြားပိုပိုချစ်လာမိပြီဗျာ။ ကျွန်တော့်ကို ခင်ဗျားထားခဲ့ရင် ကျွန်တော်ရူးသွားလိမ့်မယ်ထင်တယ်။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Donde viven las historias. Descúbrelo ahora