"လိုက်ခဲ့ပါကွာမင်းကလည်း နီးနီးလေးကို"
မဟာဇံကို ရန်ကုန်တက္ကသိုလ်သို့လိုက်ခဲ့ရန် မင်းဝဏ္ဏမှခေါ်နေခြင်းပင်။ ငမင်းပြောသလို ရန်ကုန်တက္ကသိုလ်နှင့် သူတို့ရဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဆိုသည်မှာ လမ်းလျှောက်သွားရင်တောင်ရောက်သည်။
"မလိုက်ချင်ဘူးကွာ ကောင်းကြီးနဲ့ပဲသွားတော့"
"မင်းပါမှလူစုံတက်စုံနဲ့ပိုပျော်ဖို့ကောင်းမှာပေါ့"
"ငါမလိုက်ချင်ဘူးကွာ"
အခုတလော ဘယ်ကိုမှသွားချင်စိတ်မရှိ။ တစ်ခုခုကိုလွမ်းနေသလိုလိုနဲ့ ဘာဖြစ်နေမှန်းမသိ။ တစ်ခါတစ်လေကျ တစ်ခါသာဆုံဖူးသည့်ကောင်လေးက ကိုယ့်အတွေးထဲရောက်ရောက်လာသည်။ နာမည်သာသိပြီး ကိုယ့်ထက်ကြီးလား၊ ငယ်လားမသိ။ ဘွဲ့ရပြီးပြီလား၊ ကျောင်းတက်နေတုန်းပဲလားလည်းမသိ။ ဘယ်မှာနေမှန်း၊ ဘယ်သူဘယ်ဝါမှန်းလည်း သေချာမသိဘဲ ကိုယ့်အတွေးထဲဝင်ဝင်လာသည်။
"လိုက်ခဲ့စမ်းပါ ကင်းပြေးရာ...ဟိုမှာ the whole king/queenရွေးချယ်ပွဲရှိတယ်ကွ"
"ခေါ်ပြန်ပြီလား အဲ့ကင်းပြေး။ မသာကောင်၊ ကျက်သတုံး"
"အဲ့လိုအခေါ်မခံချင်ရင်လိုက်ခဲ့လေ"
နှုတ်ခမ်းတစ်ဖက်တည်းကိုအပေါ်သို့တွန့်ကာ လူယုတ်မာပြုံး,ပြုံးပြီး ညာဘက်မျက်ခုံးတစ်ဖက်ပင့်တင်ရင်းပြောသည်။ ဘာတတ်နိုင်သေးလဲဆိုသည့်သဘောမျိုး။
"ဟာကွာ မလိုက်ချင်ပါဘူးဆို"
"မလိုက်ရင် 'ကင်းပြေးရေ... ငါတို့နဲ့လိုက်ခဲ့ပါ'ဆိုပြီး မင်းတို့အဆောင်ရှေ့ကနေ အာပြဲကြီးနဲ့သွားအော်ပစ်မယ်"
"ကာလနာ သေချင်းဆိုး မလိုက်ချင်တာကိုအတင်းလာခေါ်နေတယ်...
အေးကွာ လိုက်ခဲ့မယ် ဟိုရောက်လို့မှပျော်ဖို့မကောင်းရင်တွေ့မယ် မင်း ဟင်းဟင်း"အံကြိတ်ကာမာန်မဲရင်း ကျောပိုးအိတ်ကိုလက်ကဆွဲကာ အတန်းထဲမှထွက်လာခဲ့လိုက်သည်။
ဒီ"ကင်းပြေး"ဆိုတဲ့ ဂုဏ်ပုဒ်က မဟာဇံနောက်ကနေ တစ်သက်လုံးကပ်ပါနေတော့မလားမသိဘူး။
YOU ARE READING
Forevermore {ယခုမှသည် နောင်ထာဝစဉ်}
Randomရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း... [Unicode+Zawgyi] ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးသာ ရေးဖွဲ့ထားသော ကောင်လေးနှစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်း...