Chapter 198 Tang Fan is an Idiot ( Z &U )

Start from the beginning
                                    

Tang Fan မျက်လုံးများက ချက်ချင်းကို သတ်ချင်စိတ်တွေ လက်လက်ထကာ သူ့လက်ကို လှန်ထည့်လိုက်ကာ သူ့လက်ဖ၀ါးကို You XiaoMo ဆီကို ဆန့်ထုတ်ပလိုက်သည်။

ဒီနည်းစနစ်၏ စွမ်းအင်က သူ့စိတ်စွမ်းအင်ရဲ့ တစ်ဝက်ကို သုံးသည့်။ လက်ဖ၀ါးကြီးတစ်ခုလုံးက မီးဟုန်းဟုန်းတောက်နေပြီး အင်ပါယာအဆင့် စစ်သည်တစ်ယောက်၏ ဖိအားကို သယ်ဆောင်ကာ ကောင်းကင်ကနေ အပြင်းအထန် ဆောင့်ဝင်လာသည်။

လူအများ၏ မျက်လုံးများထဲမှာတော့ You XiaoMo နှင့် ထိုသူက အသက်ရှင်မှာ မဟုတ်ပေ။

သူတို့က အင်ပါယာအဆင့်စစ်သည်တစ်ယောက်ကို စိမ်ခေါ်ရဲ့လျှင် သူတို့က အင်ပါယာအဆင့်စစ်သည်၏ ဒေါသကို လက်ခံနိုင်ရဲ ရမည်။ အင်ပါယာအဆင့် စစ်သည်တစ်ယောက်၏ တည်ရှိမှုက ဖီးနစ်ငှက်မွှေးနှင့် ယူနီကွန်၏ ချိုများကဲ့သို့  ရှားပါးလှကာ သူတို့ရဲ့ စွမ်းအင်တစ်ဝက်လောက်ကတင် သူ့လိုမှော်ဆရာလေး တစ်ယောက်မဆိုထားနှင့် စိတ်ဝိဥာဏ်အဆင့် အထွတ်အထိတ် ရောက်ရှိနေသူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။

သို့သော်လည်း မမျှော်လင့်ထားတာတွေက အမြဲတမ်း မမျှော်လင့်ပဲ ပေါ်ထွက်လာတတ်သည်။

လူတိုင်းက ဒီနှစ်ယောက်ကတော့ Tang Fan လက်ဖ၀ါးစွမ်းအင်အောက်မှာတင် သေသွားလောက်သည် ထင်ချိန်တွင် အစောပိုင်းက Tang Fan ကို ပျက်ရယ်ပြုလိုက်သော လူက ရုတ်တရက် You XiaoMo ရှေ့တွင် ရပ်ကာ ခပ်မြန်မြန်ပဲ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ဆန်းကြယ်သော အစိမ်းရောင်အရှိန်အ၀ါက ရုတ်တရက် ထွက်ပေါ်လာသည်။ ပချိ ဆိုသော အသံတစ်ခုနှင့် ထိုပစ်ချက်က Tang Fan လက်ဖ၀ါးစွမ်းအင် ဆီကို တန်းဝင်သွားသည်။ မျက်စိတစ်မှိတ်တင် စွမ်းအင်နှစ်ခုက ပြင်းထန်စွာ ထိရိုက်ကာ ရုတ်တရက်မှာပဲ ပေါက်ကွဲမှုကြီးတစ်ခုက စွမ်းအင်နှစ်ခု တိုက်မိရာမှ ထွက်ပေါ်လာကာ နောက်ဆက်တွဲအနေနဲ့ လေထုတောင် ကွဲထွက်သွားသည်။

ကောင်းကင်ထက်တွင် Tang Fan၏ အမူအယာက ရုတ်တရက်ပြောင်းသွားကာ ချက်ချင်းကို ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ထိုထူးဆန်းသော အစိမ်းရောင်အရှိန်အ၀ါက အစိမ်းရောင်မြှားတစ်ခုအသွင်ပြောင်းကာ ပေါက်ကွဲမှုဖြစ်ရာကနေ ထွက်လာပြီး Tang Fan ဆီကို မြင့်မားလှသော အရှိန်ဖြင့် ဦးတည်သွားတာ မျက်စိတစ်မှိတ်သာ ကြာသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now