Part_34​ (Unicode)​

Start from the beginning
                                    

Mooအပေါ်ကျွန်တော့်ရဲ့အမြင်ကို ပြောရမည်ဆိုလျှင် Mooဟာ သိပ်ကိုချစ်တတ်လွန်းသူပင်။ နောက်ပြီး​ သူမဟာ သိပ်ကိုရက်စက်သည့်သေွးအေးလူသားတစ်ဦးလည်း​ ဖြစ်သည်။ သူမရဲ့အချစ်တေွဟာ စစ်မှန်ပေမယ့် အတ္တတေွနှင့်သာပြည့်နှက်နေသည်ဟု ကျွန်တော်ထင်သည်။

"Page_11"

-ငါအိမ်မက်တစ်ခုထပ်မက် ပြန်ပြီ။ အိမ်မက်ထဲမှာ Mooကငါ့ကို ဆွဲကြိုးတစ်ကံုးနဲ့ လက်စွပ်နှစ်ကွင်းကိုလာပေးသွားတယ်။ မကြာခင်မှာ မေွးဖွားလာတော့မယ့် မြေးဖြစ်သူရဲ့လက်သူကြွယ်မှာ​ Jeon​ Jung Kook​ဆိုတဲ့​ နာမည်နဲ့လက်စွပ်ကလေးကို စွပ်ပေးထားပါတဲ့လေ။ နောက်ပြီးသူမကပြောတယ်။ ငါ့ရဲ့သူငယ်ချင်း Kim Seong Ku​ ရဲ့​ သမီးဖြစ်သူ Kim Tae Yongမှာ နောက်​နှစ်အနည်းငယ်ကြာရင် သားတစ်ယောက်ဖွားမြင်လိမ့်မယ်တဲ့။ ငါသိပ်အံ့သြသွားတယ်။ Yongမှာက နှလံုးရောဂါနဲ့မို့ ကလေးမယူဖို့ကို​ ဆရာဝန်တေွက အတန်တန်တားမြစ်ထားတယ်။ ဒါကိုဘယ်လိုလုပ်ကလေးက​ မေွးလာမလဲ။ ငါမယံုကြည်တော့ဘူး။ ဒါပေမယ့်​ ငါမယံုလို့လည်းမရပြန်ဘူး။ ငါအိမ်မက်ကနေလန့်နိုးလာတော့ အိပ်ရာဘေးကစားပွဲခံုလေးမှာ​ လက်စွပ်​နှစ်​ကွင်း​နဲ့​ဆွဲ​ကြိုးလေးက​ ရှိနေခဲ့တယ်။ ငါ့စိတ်ထဲ ဒီစာအုပ်ကိုဖတ်မိလို့ နောင်တအနည်းငယ်ရနေပြီကွာ။ -

"Page_12"

-ငါစာမရေးတာ 6လလောက်ရှိပြီ။ ဒီနေ့တော့ငါ့မြေးလေးအတွက် ဒီစာကိုငါရေးမယ်။ ငါ့မြေးလေးကို ငါဒီစာအုပ်လေးပေးခဲ့မယ်။ နောက်ပြီး​ လက်စွပ်ကလေးနဲ့  ဆွဲကြိုးလေးရောပဲ။ ဒီစာကို မြေးလေးဖတ်နေတဲ့အချိန်မှာ အဖွားကရှိတော့မှာမဟုတ်ဘူး မြေးရယ်။ အဖွားမြေးကို တောင်းပန်ပါရစေ။ အရေှ ့မှာပါတဲ့​ အကြောင်းအရာတေွဟာ အကုန်အမှန်တေွချည်းပဲ။ မယံုလို့မရဘူးမြေး။ လက်မခံလို့လည်းမရဘူး​ဆိုတာ​မြေးရဲ့ရင်ဘတ်က အမာရွတ်ကလေးကို တေွ​ ့ကတည်းက​ အဖွားသိခဲ့တယ်။ မြေးကတော့ လူဝင်စားလေးအဖြစ် အဖွားတို့အိမ်မှာ မေွးဖွားလာခဲ့ပြီ။ ဒီအချိန်ဆို Mooကရော ကျိန်စာ​တွေအတွက်​ ပြန်လည် မေွးဖွားလောက်ပြီလား။ Tae Hyung​ကတော့​ အဖွားသူငယ်ချင်းဖြစ်သူရဲ့ သမီးKim Tae Yongဆီမှာ နောက်နှစ်အနည်းငယ်ကြာရင် ပြန်လည်မေွးဖွားမယ်တဲ့လေ။ သေချာတာကတော့ သူ့ရဲ့ရင်ဘတ်မှာလည်း​ အမာရွတ်လေးတစ်ခုရှိနေလိမ့်မယ်။ -

Second Person (Season_1)​(Completed)​Where stories live. Discover now