Part_32​ (Unicode)​

Start from the beginning
                                    

"ပိုက်ဆံလိုချင်လို့လား။"​

"ဟားဟားဟား... ပိုက်ဆံဟုတ်လား။ ဒီပိုက်ဆံဆိုတဲ့ကောင်ဖျက်လို့ ငါ့ဘဝကြီးပျက်ခဲ့ရပြီကွ... အခုငါလိုချင်တာ ပိုက်ဆံမဟုတ်ဘူး။ မင်းဘဝ၊ မင်းမိသားစုရဲ့ဘဝတေွ အားလံုးပျက်စီးသွားဖို့ပဲ... ဟားဟားဟား"​

ရယ်သံတေွဟာ ခြောက်ကပ်ကပ်နှင့် ကွဲအက်သည်။ အရူးတစ်ယောက်လို Han Rae Inဟာ အော်ရယ်ဆဲပဲ။ နောက်ပြီးသူ့လက်ထဲမှာ ဓားမြှောင်တစ်ခေျာင်းလည်း ရှိနေသေး၏။

"​ရူးနေလားဟမ်... ငါ့ကိုလွှတ်ပေး... ငါ့ကိုလွှတ်ပေးလို့ပြောနေတယ်လေ။ ငါ့ကိုလွှတ်ပေးလို့"

အခုချိန်မှာ​ ကျွန်တော့်ကို မည်သူလာကယ်မည်နည်း။
Han Rae Inဟာ ဓားမြှောင်၏အသွားပေါ်ကို လက်ညှိုးဖြင့်​ ပွတ်ဆွဲရင်း ကျွန်တော့်ကိုပြုံးပြနေသည်။ အပြုံးတေွဟာ ဘာကြောင့်များ ကြက်သီးထစရာကောင်းနေရသည်လဲလေ။

"​ဒီဓားလေးကလေ... ငါမနက်ကမှ ဝယ်လာတာ... အသစ်စက်စက်ကလေးဆိုတော့ သေွးလိုနေမှာအသေအချာပဲ"​

ပြုံးပြုံးလေးဖြင့်ပြောလာသည်။ Han​ Rae​ In၏ ခြေလှမ်းတေွသည် ကျွန်တော်ရှိရာတဖြေးဖြေးချင်း ဦးတည်သည်။

"ဘာ ဘာလုပ်မလို့လဲ။"​

လက်မောင်းထက်ကအင်္ကျီစကို ဓားဖြင့်ထိုးခဲွလိုက်သောကြောင့် ကျွန်တော်အတော်လေး ထိတ်လန့်သွားရသည်။

"​သေွးသောက်ကြရအောင်... ဓားလေးရေ"

ရူးသွားပြီ။ ဟုတ်သည်။ ဓားအားတယုတယသပ်ကာ စကားပြောနေသည့် Han Rae Inဟာ ရူးနေပြီပဲ။

"အား!!!"

ကျွန်တော့်အသံဟာ စက်ရံုကြီးထဲ ဟိန်းခနဲပဲ။ လက်မောင်းအား ဓားဖြင့်ထိုးခွဲခြင်းခံလိုက်ရသည်။ နာကျင်လွန်းလို့ မျက်လံုးတေွပါပြာသွားရ၏။ ကြိုးချည်ခံထားရသော လက်ကောက်ဝတ်တွင်လည်း ရုန်းသလိုဖြစ်သွားတာကြောင့် နာကျင်မှုက အတိုင်းမဆမရှိပင်။

"အရသာရှိရဲ့လား​ ဟမ်... နေဦး။ ငါဆေးထည့်ပေးမယ်။ ခဏလေး"​

ကျွန်တော်​တို့နှင့်​ ခပ်လှမ်းလှမ်းတွင် စားပွဲခံုတစ်ခုရှိနေသည်။ ထိုစားပွဲခံုရှိရာ​ Han Rae Inသည် အပြေးအလွှားသွားသည်။ အံဆွဲထဲကတစ်စံုတခုကုိယူကာ​ ကျွန်တော်ရှိရာပြန်လှမ်းလာသည်။ လက်မောင်းထက်ကဒဏ်ရာကို စောင်းငဲ့ကြည့်မိသည်။ ဒဏ်ရာသည် သိပ်မနက်ပါ။ အပေါ်ယံယှက်ထိခြင်းသာ။

Second Person (Season_1)​(Completed)​Where stories live. Discover now