ဟန်မင်းထွဋ်သည် ယနေ့တွင်တော့ ကျူရှင်၀ိုင်းမရှိသဖြင့် ပေါ့ပေါ့ပါးပါး ဘောင်းဘီ အဖြူသာ၀တ်ထားသည်။ အင်္ကျီကတော့ အမဲလက်ရှည်ကိုအဖြူစင်းလေး တွေနှင့်။

ဟန်မင်းထွဋ်သည်မနက်စာကိုတော့ အပြင်ရောက်မှ ကြုံသလိုစားလေ့ရှိပါသည်။
၉နာရီထိုးတော့ အခန်းထဲမှထွက်လာခဲ့သည်။

တိုက်အောက်ရောက်သော်~~~~~ ~~

××××××× ××××××××× ××××××××××

နေမင်းယံသည် YBS ပေါ်မှာဆင်းလာခဲ့သည်။ နာရီကိုငုံ့ကြည့်လိုက်တော့ ၉နာရီထိုးနေပြီ ဖြစ်သည် ။ နေမင်းယံသည် မှတ်တိုင် ဘေးနားလမ်းသို့ မြန်မြန်ပင်ပြေး၍၀င်သွားလိုက်သည်။ မျက်လုံးရှေ့တွင် ထိုလူကြီးနေသော ၅ထပ်တိုက်ကို တွေ့ နေရပီဖြစ်သည်။

ထို တိုက်နားမရောက်ခင်မှာပင် တိုက်အတွင်းမှ လူတစ်ယောက် ထွက်လာသဖြင့် ထိုလူကြီးဖြစ်မလားဟူသော ခံစားချက်ကနေမင်းယံကိုအနီးရှိ ကားအနောက်သို့ ၀င်ပုန်းစေသည်။ နေမင်းယံသည် ကားအနောက်မှ ခေါင်းအနည်းငယ်ထွက်ကာ လှမ်းကြည့်မိသည်။ ထိုလူမှ ထိုလူပါ။

အင်္ကျီလက်ရှည် အမဲ အဖြူကြားနှင့် ဘောင်းဘီ အဖြူရောင် ဘေးလွယ်အိတ် အဖြူလေးကို လွယ်ထားရုံနှင့် ထိုလူသည် လုံး၀ Perfect ဖြစ်နေသည်။ အရပ်အမောင်းနှင့် လမ်းလျှောက်ပုံ ကအစ နေမင်းယံ မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါး အတိုင်းပင်။

နေမင်းယံသည် ကြည့်နေသည်ကိုခဏရပ်ကာ ကားအနောက်ထဲသို့ခေါင်းကိုပြန်သွင်းလိုက်သည်။ ဒီနေ့တော့ထိုလူသွားသည့်နောက်သို့ လိုက်မည် ဟု ဆုံးဖြတ်လိုက်သည်။
×××××××× ××××××××× ×××××××

ဟန်မင်းထွဋ်သည် မှတ်တိုင်သို့ လမ်းလျှောက်သွားသည်။ သူ့အနောက်တွင် ဟိုကောင်လေးပါလာသည်ကိုသူသိပါသည်။

သူအောက်သို့ဆင်းလာရင်းမှန်ပြတင်းပေါက်ကနေ ဟိုကောင်လေး တိုက်ကိုကြည့်ကာ လျှောက်လာသည်ကို သူတွေ့မိပါသည်။
ထိုကောင်လေးကိုသူတွေ့တော့ ပျော်မိသော ခံစားချက်တို့ဖြစ်လာရသည်။

ပျော်သောခံစားချက်ကိုသို၀ှက်ကာ အောက်ထပ်သို့ဆင်းလာသည်။ အောက်တွင်တော့ ကားအနောက်ကနေမိမိကို ချောင်းနေသူလေးကိုတွေ့တော့ ရယ်ချင်နေမိပါသည်။ ဟန်မင်းထွဋ်၌ အတွေးတို့ပေါ်လာရသည်။

Without you, I would not exist. (complete)Where stories live. Discover now