ဒေါ်မွှေးကလည်းနေမင်းယံကို သားလေးအရင်းကဲ့သို့အလွန်ပင်ချစ်ပါသည်။ ကလေးရဲ့စိတ်ကိုနားလည်တော့ ကလေးကိုလည်းသနားမိသည်။

ဒေါ်မွှေးကစိတ်ဆိုးသွားသောနေမင်းယံကိုလှမ်းချော့ရသည်။ ချော့ရသည်မှာမခက်ခဲပါ ။ နေမင်းယံကြိုက်တတ်သော ပေါင်မုန့်ကြက်ဥကြော်ကျွေးရုံသာ။

နေမင်းယံကထမင်းစားပွဲတွင်ထိုင်ကာစိတ်ဆိုးနေသည်။ ဒေါ်မွှေးကပေါင်မုန့်ကြက်ဥကြော်ပန်းကန်ကိုယူလာကာ

"သား ဒီမှာ ဒေါ်မွှေး ပေါင်မုန့်ကြက်ဥ ကြော်ထားတယ် ။ သားအတွက်သီးသန့်နော်
ဘယ်သူ့ကိုမှဒေါ်မွှေးမကျွေးရသေးဘူး"

ဒေါ်မွှေး၏စကားကြောင့်နေမင်းယံစိတ်ဆိုးပြေသွားပါသည်။ ဘယ်အရာကိုမဆိုဘယ်သူမှ အရင်မယူသေးခင် မိမိအရင်ယူလိုသောစိတ်ကလေးလည်းရှိတော့လေ။
ကလေးဆန်မိတာလည်းပါပါသည်။

နေမင်းယံတစ်ယောက် ပေါင်မုန့်ကြက်ဥကြော်သုံးချပ်ကို တစ်ထိုင်တည်းစားပစ်လိုက်သည်။ အစားပုပ်သောကောင်လေးပင်။

"ဒေါ်မွှေး"

"ဟေ သားပြော"

"သားအပြင်သွားအုန်းမယ် သိလား"

"အေးအေး ဂရုစိုက်သွားနော်"

"ဟုတ်ကဲ့ပါ ဒေါ်မွှေးရဲ့"

ပြောပြီးသည်နှင့်နေမင်းယံသည် လွယ်အိတ်ကိုလွယ်ကာ အပြင်သို့ထွက်လာခဲ့သည်။ ဒီနေ့တော့ ဘယ်သူငယ်ချင်းကိုမှမခေါ်တော့ဘဲ တစ်ယောက်တည်းထွက်လာခဲ့သည်။ မနေ့ကတွေ့သောဟိုလူကြီး အိမ်နားသွားမို့ပင်။ သူငယ်ချင်းတို့ကို ခေါ်လျှင်ရှင်းပြရမည်မှာ ကြာရှည်အုန်းမည်။ ထိုလောက်အထိ နေမင်းယံစိတ်မရှည်ပါ။

လက်ကနာရီကြည့်မိတော့မနက် ၈နာရီပင်ရှိသေးသည်။ နေမင်းယံသည် လမ်းထိပ်သို့လျှောက်လာကာ မှတ်တိုင်သို့သွားကာ YBSအလာကိုစောင့်နေသည်။

×××××××× ××××××××× ×××××××××

ဒီနေ့တွင်ဟန်မင်းထွဋ်သည် မနက်အစောစာသင်၀ိုင်းများ မရှိ။ ထို့ကြောင့်၈နာရီ ခွဲမှအိပ်ယာက ထလာခဲ့သည်။ ၁၀နာရီထိုးလျှင်တော့ ဆူးလေ ဘက်ကအိမ်နှစ်အိမ်ကို စာသင်ရန်သွားရမည်။ ညနေကျလျှင်တော့ မေမေ့ဆီသွားလည်ကာ မေမေ့အသိမိတ်ဆွေ အိမ်သို့ သွားရမည်။ ထိုအိမ်တွင် ဂိုက်သင်ရမည့်ကလေးအတွက် အချိန်ဆွေးနွေးရန် ဖြစ်သည်။

Without you, I would not exist. (complete)Dove le storie prendono vita. Scoprilo ora