Part_30​ (Zawgyi)

Start from the beginning
                                    

"​ငါ... ငါSoraကိုမချစ်ဘူး Jake... စတွဲကတည်းကသနားတာကလွဲရင် ဒီနေ့ဒီအချိန် ငါ့စိတ်ထဲမှာ ဘာခံစားချက်မှ မရှိခဲ့ဖူးဘူး။ Tae Hyung...Tae Hyung​ကငါ့ရဲ့​ အချစ်ဦး... ငါ့ရဲ့​ နှစ်ယောက်မရှိတဲ့ အချစ်ရဆုံးသူပဲ... သူကလွဲပြီး ငါဘယ်သူ့ကိုမှမချစ်နိုင်ဘူး။ ချစ်လည်းမချစ်ဖူးဘူး။"

ကျွန်တော့်စကားကြောင့်Jakeသည် စိတ်ပျက်လက်ပျက်ပုံစံဖြင့် ဆိုဖာပေါ်ထိုင်ချသည်။ ကျွန်တော်လည်း Jakeနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ရင်း ပြောသင့်ပြောထိုက်တာကိုပြောဖို့ အရှိန်ယူရသည်။

"​Soraအတော်လေး ခံစားနေရတယ်ကွ... စိတ်ထဲရှိရာတွေ လျှောက်လုပ်သွားမှာကို ကြောက်လို့ပြောနေရတာ...Kim Tae Hyung​က​ ယောကျာ်းလေး...ပြီးတော့သူ့မှာ​ မိသားစုလည်းရှိတယ်။ ပိုင်ဆိုင်မှုကလည်း မနည်းဘူး။ Sora​မှာက​ သူ့လိုမဟုတ်ဘူး။ ဖိအားတွေအများကြီးပဲ...သူ့မှာအားကိုးစရာဆိုလို့ မင်းပဲရှိတာJung Kookရ"

ဖြစ်နိုင်ရင် ပြောလိုက်ချင်သည်။ 'မင်းတို့ပဲအတင်းတိုက်တွန်းခဲ့တာမဟုတ်ဘူးလားလို့'​လေ။

"​Soraနဲ့ငါစကားပြောကြည့်ပါ့မယ်။ အခုတော့... ငါ့ကို​ ကလေးဆီ သွားခွင့်ပြုကွာ... ငါတောင်းပန်ပါတယ်။"

"​အခုမသွားနဲ့... မင်းအခုသွားရင် Sora​နဲ့ပါ​ ထိပ်တိုက်တွေ့ လိမ့်မယ်။ ငါပြောတာနားလည်လား။"

"ကောင်းပြီ။ ဒါဆို​ ငါရုံးဆင်းမှHotelကို သွားလိုက်မယ်။"

ဒုန်း!

ဘာစကားမှပြန်မပြောပဲ ထထွက်သွားသောJakeသည် တံခါးကိုအသံမြည်အောင်ပိတ်ရင်း အခန်းထဲခေတ္တခဏဆူညံစေခဲ့၏။

🌻ကလေးငယ်နာကျင်ရမယ့် အလုပ်ကို
ကျွန်တော်​ မလုပ်ဘူး။
ကလေးငယ်နာကျင်ရမယ့်​ ရွေးချယ်မှုကိုလည်း
ကျွန်တော်​ မလုပ်ဘူး။

ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက်
ကလေးငယ်ကို နာကျင်မှုဆိုတာမရှိရအောင်
ကာကွယ်မှာမို့​ ခဏလောက်တော့
သည်းခံပေးစေချင်တယ် ကလေးငယ်...🌻

•••••••••••••••••••••
•••••••••••••••••••••
•••••••••••••••••••••

Second Person (Season_1)​(Completed)​Where stories live. Discover now