Part_10

4.2K 493 22
                                    

ကားထဲသို့ ငုံ့ကြည့်လိုက်တော့ လူကြီးအား တွေ့လိုက်ရသဖြင့် အံ့ဩသွားမိသည်။

"လာ တက်လေ ညီ နောက်မှာ လိုင်းကားတွေရပ်မှာ အဆဲခံရလိမ့်မယ် မြန်မြန်တက်"

သူလည်းကြောင်နေရာမှ အသိပြန်ဝင်ပြီး ကားပေါ်တက်လိုက်တော့သည်။

"နေ့လည်ဘက်ကြီးဆိုတော့ နေအရမ်းပူတယ်လေ လမ်းလျှောက်ရမှာနဲ့ဘာနဲ့ ညီပင်ပန်းမှာစိုးလို့ ကားယူလာလိုက်တာ "

သူ့အတွက်ဝယ်ထားပေးပေမယ့် တော်ရုံတန်ရုံ ယူမစီးသည့် ဒီကားကို အသိညီလေးတစ်ယောက်နဲ့တွေ့ဖို့ရာအတွက် ယူသုံးသည်အား အိမ်ကလူတွေ အံ့ဩကျန်ခဲ့ကြတာကိုတော့ ထည့်မပြောဖြစ်ခဲ့။

"ဟုတ် အကို ကောင်းပါတယ် ဟီးဟီး"

၁၁လပိုင်းဆိုတာ ဆောင်းရာသီထဲ ဝင်နေပြီဖြစ်သော်လည်း ရန်ကုန်ရဲ့ရာသီဥတုက သိကြတဲ့အတိုင်း ပူမြဲပူနေဆဲပင်။

လူကြီးမှာ ကားပါလာတော့လည်း ကောင်းတာပေါ့လေ။

ကိုယ်သဘောကျသည့်သူမောင်းတဲ့ ကားကို ဘေးကလိုက်စီးရတဲ့ ခံစားချက်က ဘယ်လိုပြောရမှန်းပင် မသိ။

သို့သော် အကောင့်ထဲက ကောင်မလေးတွေ သူ့တို့ကောင်လေးတွေရဲ့လက်ကိုကိုင်ကာ ကောင်လေး‌ကားမောင်းနေတဲ့ပုံ‌ကို ရိုက်ရိုက်ပြီး fb story တွေမှာတင် ကြွားကြတဲ့ feel ကို ကောင်းကောင်းကြီးနားလည်သွားသည်။

"ဒါနဲ့ အကိုက အလင်းဆိုင်က အပြန် ဆေးခန်းတန်းသွားရမှာလား"

"အချိန်ကိုကြည့်လို့ပေါ့ အပြန်ကို ညီနေတဲ့လမ်းထဲထိလိုက်ပို့ပေးမယ်"

"အာ ရပါတယ် အားနာစရာကြီး"

"မလိုပါဘူးညီရာ အိမ်တွေဘာတွေသိထားတော့ တခုခုဆို သွားရလာရအဆင်ပြေတာပေါ့"

"ဟုတ် ဟုတ်"

လူကြီးပြောတဲ့ တစ်ခုခုဆိုတာ ဘာမှန်းမသိပေမယ့် သူကတော့ စိတ်ကူးထဲမယ် သူ့အိမ်လေးထဲမှာ ဂိမ်းတွေအတူတူဆော့ ရုပ်ရှင်တွေကြည့်ရင်း ပျော်ရွှင်နေကြမည့် ပုံရိပ်ကို မြင်ယောင်ကာ ပြုံးစိစိဖြစ်သွားသည်။

Love is YOU (Uni+ZG)Where stories live. Discover now