Part_25

3.2K 405 40
                                    

ဒီနေ့ ရုံးဆင်းခါနီး လူကြီးဆီက သူလာကြိုမယ်ဆိုတဲ့အကြောင်း စာလေးရောက်လာတော့ ဝမ်းသာသွားမိသည်။
လူကြီးနဲ့မတွေ့ရတာ တပတ်ကျော်ဆယ်ရက်နီးပါးပင်ဖြစ်နေပြီလေ။

အလျင်အမြန်ပဲ အောက်ကိုဆင်းလာကာ ကားရှိရာသို့ အမောတကောပြေးမိတာ ဘယ်သူ့ကိုမှတောင် နှုတ်မဆက်ခဲ့မိတဲ့အထိ။

"ညီရယ် ဘာလို့ပြေးလာတာလဲ ချော်လဲမှဒုက္ခ"

အမောတကောနဲ့ ကားထဲဝင်ထိုင်တော့ လူကြီးက သူ့အား ရေဘူးလေးကမ်းပေးရင်းဆိုသည်။

"ချွေးတွေချည်းပဲ ကြည့်ဦး"

ပြောပြောဆိုဆိုနှင့် သူ့နဖူးထက်က ချွေးတွေကို သုတ်ပေးနေပြန်တော့ ကြည်နူးမှုက အပြည့်။

"မတွေ့ရတာကြာပြီလေဗျာ တစ်မိနစ်လောက်တောင်မစောင့်ချင်တော့လို့ ပြေးလာတာ ဒါနဲ့ အကို့အမေရော အဆင်ပြေရဲ့လားဟင်"

"အခုတော့ အဆင်ပြေနေပါပြီ ဘုရားတရားလည်းအရင်ကထက် များများလုပ်ဖြစ်တော့ စိတ်တည်ငြိမ်သွားတာပေါ့"

"တော်သေးတယ် အကိုလည်း ပိန်သွားလိုက်တာ မျက်နှာတွေအရမ်းချောင်ကျသွားတယ်"

လူကြီးတကယ်ကို ပိန်ကျသွားခြင်းပါ။ ဒီအတောအတွင်း ဘယ်လောက်တောင်ပင်ပန်းခဲ့ရလဲမသိ။

သူ့ကိုတော့ စိတ်မကောင်းမဖြစ်စေရန် အဆင်ပြေတယ်ပဲ ပြောနေခဲ့တာ။

"ခဏပါပဲ နောက်နေ့တွေ ပြန်တက်လာလိမ့်မယ် ဝိတ်အတက်အကျကမမှန်ဘူးလေ"

"အစားအသောက်မမှန်တာပါ ဒီနေ့ကစပြီး အချိန်မှန်ပြန်စားအချိန်မှန်ပြန်အိပ်တော့နော် အကို "

"ဟုတ်ပါပြီ ကိုယ့်ရဲ့ဆရာသေးသေးလေးရယ်"

"ဒီနေ့ အကိုကြိုက်တဲ့ BBQ လိုက်ကျွေးမယ် ကျွန်တော်ရှင်းမှာ"

"အိုခေဗျာ"

BBQ ဆိုင်ရောက်တော့ လူကြီးကိုစားစေချင်လို့ပါဆိုမှ အသားတွေအား သူ့ထဲပဲ ထည့်ပေးနေသည်။

"အကိုကလည်း အကိုလည်းစားပါဦး ကျွန်တော့်ထဲပဲ အကုန်ထည့်ပေးမနေနဲ့လေ"

Love is YOU (Uni+ZG)Där berättelser lever. Upptäck nu