Part-9

3.9K 465 51
                                    

အနီးကပ်ဆယ်ရက် တက်ရမည့် အချိန်ပင်ရောက်လာခဲ့ချေပြီ။

ဆယ်ရက်ဆိုပေမယ့် ဘယ်သူမှ ဆယ်ရက်လုံးတက်တာမဟုတ်ပါ။

တက်တဲ့နေ့ဆိုလည်း တ‌စ်နေ့လုံးအပြည့် အတန်းထဲထိုင်တာမဟုတ်။ Roll call ပေး ဆရာမကန်တော့ပွဲအတွက် ပိုက်ဆံထည့်စရာရှိတာထည့်ပြီး လစ်ကြတော့တာပဲ။

ခုလိုအနီးကပ်တက်ရတုန်းလေး သူငယ်ချင်းမနှစ်ယောက်ကလည်း ကျောင်းထဲမယ် ဓာတ်ဖမ်းတာမှ မနားတမ်း။ ကိုကောင်းကတော့ ထိုနှစ်ယောက်ရဲ့ ပင်တိုင်ဓာတ်ပုံဆရာကြီးပင်။

သူသည်လည်း ကျောင်းသားကဒ်လေးဆွဲပြီး စတစ်ကော်လံအဖြူ ‌ပုဆိုးအကွက်စိတ်လေးနဲ့ အဆောင်ရှေ့နားမှာ ဓာတ်ပုံရိုက်ပြီး FBမှာတင်လိုက်သည်။

Memory ချန်ရမည်လေ။

ဟိုတခေါက် ကော်ဖီဆိုင်review မှာတင် သူ့ကိုလူတွေသိသွားတာကြောင့် like တွေ ၊cmt တွေကလည်းများလာသည်။

ပုံတင်တာ ခုလေးတင်ကို reactက ရာချီနေသည်။

ထို့နောက် The link  မှာထိုင်ကြတော့ မှတ်မိသူတချို့က ကွက်ကြည့်ကွက်ကြည့်နှင့်။

ဖူးပွင့်ကတော့ သူ့အားထောပနာပြုသည်။

"ငါတို့အဖွဲ့လည်း  ဆယ်လီကောင်ချောလေးကြောင့် လူကြည့်ခံနေရပြီ ချောလို့ကြည့်ရုံတင်မဟုတ်ပဲ မြန်မာကားတွေထဲကလို စားသမျှရှင်းသွားပေးကြရင်ကောင်းမယ်"

"ဆုတောင်းလေ ရှင်းရင်တောင် မိုးသားအတွက်ပဲရှင်းသွားမှာပေါ့ဟဲ့"

" အဲ့ဒါပဲ အစစ်မတွေမကောင်းဘူး ငါတို့အုခဲလေးကို သူ့လူကြီးနဲ့ပဲ သဘောတူတယ်ဆိုတာ သိရင် ကောင်းမယ် ဟင်းဟင်း"

"အေးအေး နင်က အတုမဆိုတော့ပြောပေါ့"

"ငါလည်း ရည်းစားလေးတစ်ယောက်လောက်လိုချင်လိုက်တာဟယ်"

"ကိုကောင်းနဲ့ တွဲလိုက်လေ ကိုကောင်း ဖူးပွင့်ကို တစ်ဘဝစာ တာဝန်ယူလိုက်ပါတော့"

သက်နှင်းစကားကြောင့် ကိုကောင်းခမျာ ရေတောင်သီးသွားသည်။

ဖူးပွင့်ကတော့ပြုံးစိစိနဲ့။

"ကိုကောင်းက model လှလှလေးတွေနဲ့ ‌အမြဲတမ်းတွေ့နေရတာ ငါတို့ကို မျက်စိထဲတောင်ရှိတာမဟုတ်ဘူး ပေါက်ကရမပြောနဲ့"

Love is YOU (Uni+ZG)Where stories live. Discover now