Part_3

4.9K 565 48
                                    

ဝရံတာထွက်ပြီး ကော်ဖီသောက်နေရင်း FB ပေါ်ဟိုကြည့်ဒီကြည့် လုပ်နေချိန် Post တစ်ခုက ပုံလေးတစ်ပုံကြောင့် သူ့လက်တွေရပ်သွားသည်။

တစ်နေ့က စံထားသူငယ်ချင်းရဲ့ ဆိုင်အနေအထားလေးကို သူသဘောကျသည်မို့ ဆိုင်ရဲ့ Facebook page ကိုလည်း Follow လုပ်ထားသည်လေ။

အခု အဲ့ဆိုင်ရဲ့ page က ကျေးဇူးတင်စကားအချို့နဲ့ အတူ  shareထားတာကသူတို့ဆိုင်ကို Review ကောင်းကောင်းပေးထားသော Post တစ်ခုဖြစ်သည်။

ကျန်တာမထူးဆန်းပေမယ့် Postထဲက ပုံတစ်ပုံက ဟိုနေ့က အဲ့ဆိုင်မှာတွေ့ခဲ့သော သူ့ကိုလိုက်ကြည့်နေသော ကောင်ကလေး ကိတ်မုန့်ကို မျက်လုံးလေးမှိတ်ပြီး အရသာခံစားနေသည့်ပုံဖြစ်နေသည်လေ။

ထိုကောင်လေးက Food blogger များလား။ အဲ့ဆိုင်မှာမတွေ့ခင်ထဲက မြင်ဖူးသလိုရှိနေတာကြောင့် ဦးနှောက်ကို အတော်လေးအလုပ်ပေးပြီးနောက်မှာ သူသတိရသွားသည်။

တစ်နေ့ညက YBS ပေါ်မှာ ကားဘရိတ်ကြောင့် ယိုင်လဲမလိုဖြစ်တော့ အရှေ့မှာခံနေတဲ့ ကောင်ကလေးပဲ။

အသားကဖြူနေတာမျိူးမဟုတ်သလို ညိုတာလည်းမဟုတ်ပဲ ဝင်းဖန့်ဖန့်လေး။ မျက်ခုံးကခပ်ပါးပါးပေမယ့် မျက်လုံးဝိုင်းဝိုင်းလေးတွေက အကြည်ဓာတ်ကိုပေးစွမ်းနေသယောင်။

အရမ်းချောနေတာမျိုးမဟုတ်ပေမယ့် မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းပြည့်ခဲ့ပုံ‌ပင်။ သူ့ပုံအောက်မှာ ကောင်မလေးအများစုရဲ့ Cmt တွေတောင်လိုပုံနေပြီဖြစ်သည်။

**အမလေး ဒီလိုအဆင်လေးသာ ရှိနေလို့ကတော့ တသက်လုံးကော်ဖီမသောက်ခဲ့တဲ့ငါ နေ့တိုင်းသွားသောက်ပစ်မယ်**

**Acc လေးလည်း လင်းကြပါဦး ငမ်းပဲငမ်းမနေကြပါနဲ့ ပလိစ့်**

**Accမလင်းတဲ့လူတွေ ဘော်တွန်ထိုင်ရပါစေ**

**ကောင်လေးက အကြည်ဓာတ်လေးဟယ် မမရင်ထဲရောက်သွားပြီ🌚**

**အဲ့ဆိုင်က Cakeတွေ ချိုမချိုတော့မသိဘူး ဒီကိုကြီးကတော့အရမ်းချိုမယ့်ပုံလေးပဲ စားချင်မိတယ် အိုက်စ်**

စသဖြင့် cmt တွေလိုက်ဖတ်ရင်း မသိစိတ်က ထိုကောင်လေးရဲ့ acc များ တစ်ယောက်ယောက်ပြောပြထားမလားဆိုပြီး အဆုံးထိဆက်ကြည့်နေမိသည်။ တွေ့ပါပြီ...

Love is YOU (Uni+ZG)Where stories live. Discover now