Part_30

3.2K 378 20
                                    

ရုံးပြန်မဖွင့်ခင် ဖုန်းဝယ်ရန်လိုအပ်သည်မို့ မိုးသားညိုသည် လူကြီးနှင့်အတူ ယနေ့ ဖုန်းသွားဝယ်ကြမည်ဖြစ်သည်။

အရာရာတိုင်းမှာ အမြဲတမ်းသူ့အတွက်စဉ်းစားပေး၊ လိုအပ်ချိန်တိုင်းအနားမှာ ရှိနေပေးတတ်သည့် လူကြီးလိုချစ်သူမျိုးကို ပိုင်ဆိုင်ရတာ သူ့ရဲ့ဘယ်ဘဝကဆုတောင်းတွေပြည့်ခဲ့သလဲဆိုတာ မသိတော့ပါ။

အမှန်ဆိုလျှင် လူကြီးမှာလည်း တခြားအလုပ်များနှင့် ပြန်လည်ကာ လည်ပတ်နေပြီဖြစ်ပါသည်။ ဤကြားထဲမှ သူဖုန်းဝယ်ရန်အတွက်ကို တကူးတကအချိန်ပေး၍ လိုက်ပေးခြင်းပါ။

လူကြီးမအားလို့ မလိုက်ပေးနိုင်လျှင်လည်း သူစိတ်ကွက်မည်မဟုတ်ပါ။

တကူးတကတောင်းဆိုပြီးမှ ရလာသောအရာများမဟုတ်၍ သူပိုပြီးကြည်နူးနှစ်သိမ့်မိပါသည်။

‌‌တွေးနေစဉ်မှာပဲ အသက်ရှည်ရော့မည်။ သူရပ်နေရာအရှေ့သို့ ထိုး‌ဆိုက်လာသော ကားလေးတစ်စင်း။

"ညီ စောင့်နေရတာကြာပြီလား သုဝဏ္ဏလမ်းဆုံမှာ ကားတော်တော်လေးပိတ်သွားလို့ "

"ရပါတယ် အကိုရ"

ပြောပြောဆိုဆိုနှင့် ကားထဲဝင်ကာထိုင်ရင်း ခါးပတ်ပတ်နေတော့ လူကြီးဘက်ကအသံတိတ်သွားသည်။

ထိုအခါမှ သတိရကာ_

"အဲ ဟို ကိုကိုလို့ ပြောတာ အဟီး အမြဲတမ်းခေါ်ချင်နေခဲ့တဲ့ အသုံးအနှုန်းဆိုပေမယ့် ရုတ်တရက်ကြီးခေါ်ရတော့ကျ ကျင့်သားမရဖြစ်နေတာ ဆောရီး‌ပါနော် ကိုကို ကျွန်တော့်ကို စိတ်မဆိုးဘူးဟုတ်"

ငြိမ်သက်နေသူကြီးရှေ့နား မျက်နှာကိုတိုးလိုက်ပြီး မျက်တောင်လေးပုတ်ခပ်ပုတ်ခပ်ဖြင့် ချွဲလိုက်တော့ ဟန်ဆောင်ခြင်းအလျင်းမရှိသော အပြုံးများက ချက်ချင်း ဖြစ်တည်လာသည်။

ထို့နောက် သူ့ရဲ့လက်‌ဖမိုးများအား ဆုပ်ကိုင်ရင်း အနမ်းများခြွေချပြီးမှ ကားလေးက်ုစတင်ထွက်ခွာစေတော့သည်။

"ဘာဖုန်းအမျိုးအစားဝယ်မယ်လို့ စိတ်ကူးထားလဲ ကိုယ့်ကလေးက"

Love is YOU (Uni+ZG)Where stories live. Discover now