NewYear Special Ep

3.9K 312 35
                                    

Christmas Day_

"တီ တီ တီ တီ တီ တီ"

အဆက်မပြတ်မြည်နေသော alarm သံကြောင့် ထင်သာပြည့်သည် ဆတ်ခနဲနိုးလာကာ အလျင်အမြန်ပိတ်ရသည်။

သူ့ရဲ့မိုးသားညိုလေးမှာ နှစ်သစ်ကူးခါနီးတောင်အလုပ်တွေရှုပ်နေ၍ ပင်ပန်းနေရှာတာ။ 28ရက်ည ခရီးထွက်ရန်စီစဉ်ထားသည်မို့ အလုပ်တွေကို အပြီးလတ်စသတ်‌ေနရတာကြောင့် သူလေးခမျာ ညက တော်တော်ကြီးနောက်ကျမှအိပ်ရသည်လေ။

ချစ်မြတ်နိုးစရာလေးကို စောင်လေးသေချာပြန်ခြုံပေးရင်း သူလည်းမထသေးပဲ ကောင်လေးအားငေးနေလိုက်သည်။

ကောင်လေးဟာ တကယ်ကိုရှုမဝလေး။ နေ့တိုင်း အတူတူမြင်နေရှိနေခွင့်ရတာတောင် ရိုးအီသွားတယ်ရယ်လို့မရှိပါချေ။

စတွေ့ခါစက ခပ်ညှပ်ညှပ်ကောင်လေးဟာ ခုတော့ ဖောင်းဖောင်းကစ်ကစ်လေး။ အပူအပင်ကင်းမဲ့စွာအိပ်‌ေနတဲ့ ကောင်လေးရဲ့မျက်နှာလေးဟာ မြတ်နိုးဖွယ်အတိ။ အသက်ရှူသံတိုးတိုးလေးကအစ ချစ်စဖွယ်။ မျက်လုံးနားအုပ်နေသော ဆံပင်လေးတွေကို ဖယ်ပေးရင်း Morning kiss လေးတွေ ကြဲလ်ုက်သည်။ အိပ်ပုတ်လေးကတော့ ဘာမှမသိရှာ။

ပြီးမှ အသာအယာထကာ ကောင်လေးစားဖို့ မနက်စာစီစဉ်ရန် လုပ်ရသည်။

မျက်နှာတွေဘာတွေသစ်ပြီးတော့ လမ်းထိပ်သို့ပြေးကာ ကောင်လေးအကြိုက် နန်းကြီးသုပ်သွားဝယ်ရသည်။

ဝယ်ပြီးပြန်လာတော့ အိမ်ပေါက်ဝမှာ ချစ်စရာမြင်ကွင်းလေးတစ်ခုကစောင့်ကြိုသည်။ ပုံမှန်ကြုံတွေ့နေကျ မြင်ကွင်းလေးပေမယ့် သူ့မှာဒီကောင်လေးကို အချစ်တွေတိုးရသည်။

မနက်စာကိုအလှည့်ကျ ပြင်ဆင်ကြပြီး သူ့အလှည့်ကျသည့်နေ့ အပြင်မှာထွက်ဝယ်ပြီဆို ပြန်လာတဲ့အချိန် ကောင်လေးဟာ အမြဲတမ်း အိပ်မှုန်စုံဖွားနှင့် အိမ်တံခါးဝလေးမှာထိုင်စောင့်နေလေ့ရှိ၏။

ပြီးလျှင် ခြံတံခါးဖွင့်ပြီးဝင်လာသည့်သူ့ဆီပြေးလာကာ အထုပ်တွေကူသယ်ပေးမလိုလိုနှင့် ရင်ခွင်ထဲပြေးဝင်တတ်တဲ့ကလေးဆိုးလေး။ သူ့မှာ မချီရုံတမယ် ပွေ့ဖက်ရင်း အိမ်ထဲဝင်ရသည်။

Love is YOU (Uni+ZG)Where stories live. Discover now