Final Episode ❣️

6.2K 430 88
                                    

"ဟူးးး ရေးးး"

"ညီ လက်ကို အပြင်အရမ်းမထုတ်နဲ့လေ"

"ကားရှင်းပါတယ်ကိုကိုရဲ့"

"ဟုတ်ပါပြီဗျာ ခုလိုပျော်နေတာလေးမြင်ရတာနဲ့တင် ကိုယ်စီစဉ်တာမှန်သွားတယ်လို့ ယူဆမိတယ်"

ထင်သာပြည့်နဲ့မိုးသားညိုတို့နှစ်ယောက် မိုးသားရဲ့ဇာတိမြို့လေးသို့ ခရီးထွက်လာကြခြင်းဖြစ်လေသည်။

ကားကို ထင်သာပြည့်ကိုယ်တိုင်မောင်းတာဖြစ်သောကြောင့် သတိကြီးစွာဖြင့် အဝေးပြေးလမ်းမထက်ဝယ် မောင်းနှင်ခဲ့ရသည်။ ယခုအခါမှာတော့ သူတို့ဦးတည်ရာ မကွေးတိုင်းထဲက နယ်မြို့လေးထဲသို့ ဝင်စပြုနေပြီမို့ မြို့ပြနဲ့မတူသော ပတ်ဝန်းကျင်အငွေ့အသက်က လူကို အေးမြစေ‌သည်။

ဘေးမှာ တမျှော်တခေါ်ကျယ်ပြန့်လှသော စိုက်ခင်းစိမ်းစိမ်းတွေကလည်း စိတ်အစဉ်ကို ကြည်လင်မှုပေးစွမ်းလျက်။

မိုးသားညိုကတော့ ထိုရှုခင်းတို့ကို သဘောတကျ ငေးမောရင်း ကားမှန်ကိုချကာ လက်ကိုအပြင်ထုတ်လျက် သဘာဝရဲ့လေကောင်းလေသန့်ကို အားပါးတရ ရှူရှိုက်လျက်။

မြို့ငယ်လေးထဲသို့ အဝင်လမ်းရဲ့တစ်ဖက်တစ်ချက်မှာ ကြီးမားလှသော ညောင်ပင်ကြီးများက အစီအရီ။ ထိုညောင်ပင်ကြီးတွေရဲ့အောက်မှာ ဝိုင်းဖွဲ့ကာ အနားယူကြသော ကာလသားများ၊ မြို့လေးထဲကနေ ဓာတ်ပုံလာရိုက်ကြသူများကိုလည်း ရံဖန်ရံခါမြင်တွေ့နိုင်သည်။

"ညီတို့ ရေနံချောင်းမြို့လေးက သာယာတယ်နော်"

လူကြီးက ကားကို ပုံမှန်လေးမောင်းရင်း သဘောတကျဆိုလာတော့ မိုးသားမှာ ဂုဏ်ယူပြုံးကြီးနဲ့ ထောက်ခံလိုက်သည်။

"ဟုတ်ပါတယ်ဆို ဟဲဟဲ ငယ်ငယ်တုန်းကဆိုရင်လေ..."

ငယ်ငယ်တုန်းကဆိုရင်လေ ဆိုပြီးအစချီကာ ငယ်ဘဝအကြောင်းတွေကို တရစပ်ဖောက်သည်ချတော့ လူကြီးက သဘောတကျ ရယ်လိုက် ထောက်ခံလိုက်ဖြင့် နားထောင်နေတော့သည်။

ဒီလိုနှင့်သိပ်မကြာခင်မှာပဲ မိုးသားရဲ့အဒေါ်တို့အိမ်သို့ရောက်ရှိခဲ့လေသည်။သူတို့အကြောင်းကို ကြိုပြောပြခဲ့ပြီးသားဆိုပေမယ့် ယခုမှသာ လူချင်းတွေ့ကာသေချာမိတ်ဆက်ပေးရသည်လေ။

Love is YOU (Uni+ZG)Where stories live. Discover now