Part_24

3.1K 381 7
                                    

မိုးသားညိုတစ်ယောက် အလုပ်သာလုပ်နေရသည် စိတ်ကမဖြောင့်။ လူကြီးရဲ့အဖေအဆင်မှပြေရဲ့လားမသိ။

‌လူကြီးမှာ ခုတလော ဆေးခန်းကိစ္စတွေနဲ့တင် ရှုပ်ယှက်ခတ်နေခဲ့တာ အဖေကပါနေမကောင်းဖြစ်ရှာတော့ ပင်ပန်းနေတော့မှာပဲ။

နေ့လည်ရောက်နေပြီဆိုတော့ ဖုန်းဆက်ကြည့်မှပါပဲ။

ဖုန်းဝင်ပြီး အတန်ကြာမှ ကိုင်သည်။

"ဟလို အကို အကို့အဖေအခြေအနေ ဘယ်လိုလဲဟင် သက်သာလား"

"ကိုယ့်အဖေ ဆုံးသွားပြီညီ"

"ဗျာ..."

ထိုစဉ်မှာပဲ လူကြီးအား လှမ်းခေါ်နေသံတွေကို ဖုန်းထဲကနေကြားရသည်။

"ညီ ဒါပဲနော် ကိုယ်ပြန်ဆက်လိုက်မယ်"

"ဟုတ် အကို အားတင်းထားပါနော်"

လူကြီးခမျာ သူ့ကိုပင်ပြန်မဖြေနိုင်တော့ပဲ ဖုန်းချသွားရသည်။

ကာယကံရှင်မပြောနှင့်။ ဘေးလူဖြစ်တဲ့သူတောင် ရင်ထဲလှိုက်တက်ကာ ဝမ်းနည်းလာမိသည်မို့ လူကြီးရဲ့ အခုအခြေအနေကို နားလည်ပါသည်။

တနေကုန် အလုပ်ထဲပင်အာရုံမစိုက်‌နိုင်တော့ပါချေ။

ညရောက်တော့ လူကြီးacc မှာ နာရေးကြော်ငြာကို တင်ထားတာတွေ့ရသည်။ လူကြီးအဖေက ဦးနှောက်သွေးကြောပြတ်သွားတာတဲ့လေ။

သူလည်း သွားမှဖြစ်မည်။  လူကြီးကလွဲပြီး ကျန်တဲ့သူတွေနဲ့မသိတာကြောင့် ကြောင်တောင်တောင်‌ဖြစ်နေမည်မှန်း သိသော်လည်း မတတ်နိုင်။

ကျန်တာဘာမှမကူညီနိုင်ပေမယ့် ဒီလိုအချိန်မျိုးမှာ လူကြီးရဲ့အနားမှာတော့ ရှိကိုရှိနေပေးမှဖြစ်မည်လေ။

.....................

အသုဘချမည့်နေ့မှာ ဖူးပွင့်ကို အဖော်ခေါ်ပြီး လူကြီးတို့အိမ်သို့ သွားဖြစ်သည်။

ဟိုရောက်တော့ လူတွေ‌အတော်များတာကိုတွေ့ရသည်။ နှစ်ယောက်သား မရဲတရဲနှင့်ပင် အထဲသို့ဝင်လာတော့ လူကြီးကို မတွေ့ရသေး။

"ဟဲ့ မိုးသား လူတွေကအများကြီးပဲနော် ကိုယ်ပိုင်ကားတွေနဲ့လာကြတဲ့သူတွေရောပဲ နင့်လူကြီးက တကယ်ဘောစိပဲဟ"

Love is YOU (Uni+ZG)Where stories live. Discover now