Ep_39

3.7K 368 52
                                    

မိုးသားညိုဘဝတွင် ယနေ့သည်ရင်အခုန်ရဆုံး နေ့တစ်နေ့အဖြစ် မှတ်တမ်းရမည့်နေ့ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူကြီးရဲ့မေမေနှင့် တရားဝင်မိတ်ဆက်ဖို့ရာ သွားရတော့မည့်အတွက်ကြောင့်ပင်။ထို့အပြင် ယနေ့ဟာ ချစ်သူသက်တမ်း 3 နှစ်ပြည့်လည်းဖြစ်နေသည်လေ။

လူကြီးကတော့ စိတ်မလှုပ်ရှားဖို့မကြောက်ဖို့ပြောနေပေမယ့် ရောက်ခါနီးလာလေ တကိုယ်လုံးအေးစက်လာသည်အထိ စိုးရွံ့မိလေဖြစ်နေသည်။

သုဝဏ္ဏနဲ့ တာမွေက နီးပါတယ်ဆိုမှ ဒီနေ့ကျမှ မီးပွိုင့်လည်းမမိပဲ ချက်ချင်းကိုရောက်လာတော့သည်။

ကားပေါ်ကနေ လူကြီးကဆင်းသွားပေမယ့် သူ့မှာ ဘုရားစာတွေဘာတွေပါဆိုရင်း မဆင်းမိသေး။ ထို့ကြောင့် လူကြီးက ကားတံခါးကို လာဖွင့်ပေးသည်။

"အဲ့လောက်ထိ စိတ်မလှုပ်ရှားပါနဲ့ညီရဲ့ ဘာတွေဖြစ်လာဖြစ်လာ ညီ့ရှေ့မှာ ကိုယ်တစ်ယောက်လုံးရှိနေမှာမလို့ ဟုတ်ပြီလား လာ"

ပြောလည်းပြော လူကလည်း သူ့ကို safety belt ဖြုတ်ပေးနေလေသည်။

"လက်တွေ‌လည်း အေးနေပါလား က်ုယ့်ကလေးက တကယ်စိုးရိမ်နေတာပဲ အဆင်ပြေမှာပါ ကိုယ့်ကိုယုံနော်"

သူလည်း ခေါင်းငြိမ့်ပြလိုက်ရင်း လူကြီးနှင့်အတူ အိမ်ထဲသို့ဝင်ခဲ့လိုက်တော့သည်။

အိမ်ထဲရောက်တော့ ဧည့်ခန်းထဲဝယ် လူကြီးရယ် မေမေကထိုင်ကာစောင့်နေ၏။

လူကြီးနှင့်အတူပါလာသောသူ့ကို မြင်တော့ အံ့ဩသွားပုံမရသည်ကို မြင်တော့ သူကတစ်ဖန် အံ့ဩနေရလေသည်။

(လူကြီးပြောတော့ ဒီနေ့ ချစ်သူနဲ့မိတ်ဆက်ပေးမယ်လို့ ပြောခဲ့ပြီးတာလား မပြောရသေးတာလား ဘာလို့ မိန်းကလေးမဟုတ်ပဲ ငါပါလာတာကို အံ့ဩဟန်တောင်မပြတာပါလိမ့်)

အတွေးတွေနဲ့ ရှုပ်ယှက်ခတ်နေချိန် လူကြီးမေမေမှ သူအား ပြုံးပြနှူတ်ဆက်သောကြောင့် သေသေချာချာဂ့ရဝပြုကာနှုတ်ဆက်ရလေသည်။

"ထိုင်ကြထိုင်ကြ"

မိုးသားညိုသည် ဆိုဖာမှာဝင်ထိုင်လိုက်ရင်း ရင်တွေတုန်နေမိတော့သည်။

Love is YOU (Uni+ZG)Where stories live. Discover now