Part_34

3.1K 363 15
                                    

"တီ တီ"

"အားသွင်းကြိုးတွေရမယ် အကိုလေးယူမလား ကွမ်းယာ တစ်ရှူးတွေလည်း ရမယ်နော်"

"ရန်ကုန်_ မကွေး သို့ ယနေ့ည ၇နာရီ၃၀တွင် ထွက်ခွာမည့် ယာဉ်အမှတ်***သည် မကြာခင်ထွက်ခွာတော့မည် ဖြစ်ပါ၍ ခရီးသွားများအနေဖြင့် ကားပေါ်တွင် နေရာယူပေးကြပါရှင်"

"အဲ့အထုပ်တွေက ကျိုးစရာပဲ့စရာတွေပါမှာစိုးလို့ အပေါ်က မဖိပါနဲ့နော်"

ယခုကဲ့သို့ လူသံကားသံတွေဆူညံနေသော အဝေးပြေးကားကွင်းထဲသို့ ရောက်နေတာ မိုးသားညိုပါပင်။

နောက်4ရက်(လာမယ့်စနေ တနင်္ဂနွေမှာ) ဘွဲ့ယူရတော့မှာမလို့ နယ်က အဒေါ်မိသားစု သူ့ဆီလာကြတာဖြစ်သည်။

မနက်ကားနဲ့လာကြတာမို့ ညမှရောက်မှာဆိုတော့ သူလည်း ကြိုရအဆင်ပြေသည်။ ရုံးဆင်းတာနဲ့ ဒီကို မြို့ပတ်ကားနဲ့ တန်းလာလိုက်တာပင်။

၆ခွဲလောက်က ရန်ကုန်ထဲဝင်နေပြီဆိုပေမယ့် ထိုနေရာကနေ ဒီကားကွင်းထဲကိုပင် အနည်းဆုံးတစ်နာရီလောက်ထိ ပိတ်ဦးမှာမို့ သူလည်း လိုင်းသုံးလိုက် ပတ်ဝန်းကျင်ကို ငေးလိုက်နှင့် အချိန်တွေကုန်ဆုံးနေရသည်။

ထိုစဉ်မှာပဲ အဒေါ်ရဲ့ဖုန်းဝင်လာသည်။

"ဟလို ဒေါ်လေး"

"အေး မိုးသားရေ ငါ့တူ စောင့်နေရတာကြာရောပေါ့ မင်းတို့မြို့ကကားတွေပိတ်လိုက်တာကွယ် ဗိုက်ဆာနေရင်တစ်ခုခုစားထားနှင့်ဦး"

"ဟုတ် ရပါတယ် ဒေါ်လေးရဲ့ အဲ့လိုပဲ ရန်ကုန်အဝင်ကနေဒီကိုတော်တော်ကြာတာ သဲသဲရော ခရီးပန်းနေရောပေါ့"

"မင့်ညီမက တက်ကြွလို့ပါအေ ဟုတ်ပြီဟုတ်ပြီ နည်းနည်းကြာဦးမယ်ဆိုတာလှမ်းပြောတာ ဒါပဲနော် ကားကွင်းထဲဝင်ရင် ဖုန်းထပ်ဆက်လိုက်မယ်"

"ဟုတ်ဟုတ် ကျွန်တော်အခု ဒေါ်လေးတို့ကားဆိုက်လာမယ့် ဂိတ်ထဲမှာထိုင်နေတယ်"

"ကောင်းပါပြီတော်"

ဒေါ်လေးနဲ့ ဖုန်းပြောပြီးပြီးချင်းမှာပဲ လူကြီးဆီက ဖုန်းကတန်းဝင်လာသည်။

Love is YOU (Uni+ZG)Where stories live. Discover now