Part-8

4K 467 23
                                    

ဒီလိုနဲ့ လူကြီးနဲ့ခင်တာ သုံးလလောက်ပင်ရှိတော့မည်။ သို့သော် အပြင်မှာ တစ်ခါမှ ထပ်မဆုံဖြစ်ခဲ့ကြပါ။ သူကလည်း မပြောရဲ။လူကြီးကလည်း စကားမစသဖြင့် ဒီတိုင်းပဲဆက်သွားနေခဲ့တာဖြစ်သည်။

October လထဲရောက်နေပြီမို့ သူတို့ရဲ့နောက်ဆုံးနှစ်စာမေးပွဲကလည်း နီးကပ်လာနေပြီ။

ထို့ကြောင့်အနီးကပ်ကျူရှင်တွေလည်း စတက်နေရပြီး စာတွေကျက်နေရသဖြင့် ခုရက်ပိုင်းဆို သိပ်တောင်စကားမပြောဖြစ်ကြပဲ ဖြစ်နေသည်။

သူက အလုပ်ကနေ  ခွင့်၂လယူထားသည်။ စာမေးပွဲက အောက်တိုဘာလကုန်ခါနီးစမှာဖြစ်ပြီး နိုဝင်ဘာထဲကူးမှာကြောင့်ဖြစ်သည်။

သူ့အလုပ်က အိမ်ကနေလုပ်လည်း အဆင်ပြေတာမို့ ခွင့်ယူပေမယ့် စာမေးပွဲဖြေပြီးရင် ရုံးသာမတက်သေးမှာ အလုပ်ကတော့လုပ်ပေးလို့ရသည်လေ။

စာမေးပွဲနီးပြီဆိုတော့ ကိုကောင်းတို့လည်း အသီးသီးခွင့်တွေယူထားကြပြီး သူ့ရဲ့ ခေါင်မိုးထပ်လေးမှာပဲ စာစုလုပ်ဖြစ်ကြသည်။

ဒီနေ့လည်း စာစုလုပ်ဖို့ ချိန်းထားသည်။ အရင်ဆုံးရောက်လာတာ သက်နှင်းနဲ့ ကိုကောင်း။

"ဟဲ့ ဖူးပွင့်မ မရောက်သေးဘူးလား သူ့အိမ်ဝင်ခေါ်တော့ ထွက်သွားပြီဆိုပြီး"

သက်နှင်းက လှေကားထိပ်ထဲက လှမ်းအော်မေးတာကြောင့် သူခေါင်းခါပြလိုက်သည်။

"ဘယ်သဝေထိုးနေပြန်ပြီလဲမသိဘူး အဲ့ဟာမလေးကတော့"

"လာပါဟ နေပူတယ် အထဲမြန်မြန်ဝင်ကြ"

"ဒီနေ့ ကျွန်တော်တို့သိပ်နားမလည်တာတွေ ကိုကောင်းရှင်းပြရမှာနော်"

"အေးပါကွ မနေ့ညက အဲ့ဒါတွေထိုင်ဖတ်နေတာ မျက်ရိုးတောင်ကိုက်တယ် ဖူးပွင့်ကိုစောင့်လိုက်ဦး သူလာမှ စကြတာပေါ့"

ပြောနေစဉ်မှာပဲ ဖူးပွင့်တယောက် ရှူးရှူးရှဲရှဲနဲ့ ထီးကောက်ကြီးကို တိုက်မြေပြင်ပေါ်  တတောက်တောက်ထိုးရင်း ဝင်ချလာသည်။

"စိတ်တိုလိုက်တာဟယ် ပြောမပြောချင်ဘူး"

"ဟဲ့ဟဲ့ မိဖူးဘာဖြစ်လာတာတုန်း"

Love is YOU (Uni+ZG)Where stories live. Discover now