သီတင်းကျွတ်Special Ep❣️

2.7K 323 30
                                    

"အမလေး ရောက်လာကြပြီလား လာကြလာကြ အန်တီတို့အိမ်ကနောက်ဆုံးပေါ့ ဟုတ်လား မုန့်ဖိုးတွေရော ဘယ်လောက်ရခဲ့ကြလဲ"

"ဟီးဟီး ဟုတ်တယ် နောက်ဆုံးပိတ်အိတ်နဲ့လွယ်နော် အန်တီရေ မုန့်ဖိုးကတော့ ခိုင်လာပြီ"

"ကောင်းပါ့ ကောင်းပါ့ အန်တီတို့ကလည်း ‌ပေးမှာပေါ့ လာလာ မုန့်တွေအရင်စားကြဦး"

မိုးသားညိုတို့သူငယ်ချင်းလေးယောက်သား တစ်ယောက်အိမ်တစ်ယောက်လိုက်ကန်တော့နေကြခြင်းဖြစ်သည်။

သက်နှင်းရဲ့အိမ်နဲ့ ကိုကောင်းအိမ်ကိုသွားကန်တော့ပြီးဖြစ်တာမို့ ယခု ဖူးပွင့်တို့အိမ်ကိုရောက်လာကြခြင်းဖြစ်သည်။

ညဘက်ကျ လူကြီးတို့နဲ့အတူ သူ့ရဲ့ rooftop လေးမှာ စားကြသောက်ကြရင်း မီးရှူးမီးပန်းတွေလည်း ဖောက်ကြမည်ဖြစ်သည်။

ထို့ကြောင့် မနက်ပိုင်းထဲက သူတို့တွေ လှုပ်ရှားနေကြခြင်းပင်။ ဒါတောင် ဒီသုံးအိမ်နဲ့တင် နေ့တစ်ဝက်ကျိုးနေချေပြီ။

ခုသူငယ်ချင်းတွေရဲ့မိဘတွေကို ကန်တော့ပြီးရင် လူကြီးတို့အုပ်စုကိုပါ ကန်တော့မည်ဖြစ်တာကြောင့် ဒီနှစ်သီတင်းကျွတ်ကတော့ မုန့်ဖိုးအများဆုံးရမယ့်နှစ်ပါပင်။

နယ်ကအဒေါ်တို့ကိုလည်း မနက်စောစောထဲက V Call နဲ့လှမ်းကန်တော့ပြီးဖြစ်၍ သူ့ရဲ့ bank acc ထဲသို့ မုန့်ဖိုးဝင်လာပြီးနေပြီဖြစ်သည်။

"ကဲကဲ နင်တို့စားတာနောက်မှစားတော့ ကန်တော့မယ် လာ ပြီးရင် ကုန်တိုက်လည်းသွားရဦးမှာကို"

"ဟုတ်သား ဟုတ်သား"

"ဘာတွေလောနေကြတာတုန်း စားပါစေ မိဖူးရဲ့"

"ဟီးဟီး ကန်တော့ပြီးရင် ကုန်တိုက်မှာ ဝယ်စရာလေးရှိလို့ အန်တီရဲ့"

"အေးကွယ် မင်းတို့လည်း ငါ့သမီးရဲ့သူငယ်ချင်းတွေလို့မပြောရဘူး အေးလေ အဲ့ဒါကြောင့်လည်းပေါင်းလို့ရနေတာပေါ့ လာလာ ကန်တော့ကန်တော့ အဖေကြီးရေ လာ ဆင်းခဲ့ဦး တော့်သမီးနဲ့ သူ့သူငယ်ချင်းတွေလာကန်တော့ကြတာ"

"ဖေကြီးရေ လာပါဗျို့

"လာပြီဟ ဒီသားအမိတွေကတော့"

Love is YOU (Uni+ZG)Where stories live. Discover now