Part_24​ (Zawgyi)

Start from the beginning
                                    

အလုပ်စားပွဲပေါ်က စာရင်းစာရွက်အချို့ကိုစုစည်းကာ အံဆွဲထဲထည့်ပြီးသော့ခတ်လိုက်သည်။ပြီးနောက် သော့ကိုပိုက်ဆံအိတ်ထဲပြန်ထည့်ပြီး တခြားပစ္စည်းပစ္စယတွေကိုပါ ပိုက်ဆံအိတ်ထဲ အတင်းလုံးခြေထိုးထည့်လိုက်သည်။

"Yuriဆီဖုန်းခေါ်ကြည့်မှပဲ"

ဖုန်းထဲရှိ 'Yuri'​ဆိုသည့်​ contact nameအားနှိပ်ကာ ဖုန်းခေါ်မိသည်။

"Hello... Soraမ"

"အင်း​ နင်အလုပ်ဆင်းပြီလား? ငါနင်နဲ့တွေ့ ချင်လို့"

"ခဏနေဆင်းတော့မှာ... နင်ရော?"

"ငါကအခုပဲ ဆင်းတာ...Oppaရော...နင်တို့နဲ့ရှိနေလား?"

"ဟင့်အင်း သူဒီမှာမရှိဘူး။ ပြင်သစ်ကဧည့်သည်တစ်ယောက်နဲ့ သွားတွေ့ တယ်။ ရေမွှေးဒီဇိုင်းအသစ်အတွက်"

"အော်​ ဒါဆိုဒီနေ့... လာမကြိုဖြစ်တော့ဘူးပေါ့... ဟားဟား"

ခြောက်ကပ်ကပ်ရယ်သံသည် ဖုန်း၏တစ်ဖက်ခြမ်းရှိ Yuriအား ထိတ်လန့်စေ၏။

"​ဟဲ့​ ဘာဖြစ်တာလဲ... ရယ်သံကြီးကလည်း"

"ဘာမှမဟုတ်ပါဘူး။ ငါ့မှာနင့်ကိုရင်ဖွင့်စရာတွေ အများကြီးရှိတယ်။ နင်နားထောင်ပေးနိုင်မလား?"

"​အင်းအင်း... ငါနားထောင်ပေးမယ်။ နင်ကအခု ဘယ်မှာလဲ?"

"​ရုံးရှေ့ မှာ​ Taxiငှားဖို့စောင့်နေတာ"

"ငါလာခေါ်မယ်။ Taxiမငှားနဲ့တော့ အဲ့မှာပဲစောင့်နေနော်။

"အင်း​ ပြီးရော... ငါစောင့်နေမယ်။"

"အင်း"

ဖုန်းလေးကျသွားတာနှင့် ရုံးရှေ့ က​ ကားမှတ်တိုင်လေးအောက် သွားရပ်စောင့်မိသည်။ ထိုစဉ် Sora၏ ဘေးမှထွက်ပေါ်လာသော ခွင့်တောင်းသံတစ်သံ...

"ကိုယ်တို့တွဲကြရအောင်။"

ဘေးကိုစောင်းငဲ့ကြည့်မိတော့ ကောင်လေးကမြေပြင်ပေါ်ဒူးထောက်လျက် ကောင်မလေးထံမှ ချစ်ခွင့်ကိုတောင်းခံနေသည်။ ထိုစုံတွဲလေးအားကြည့်ကာ Soraနှစ်ခြိုက်စွာပြုံးမိသည်။

'တစ်ချိန်တုန်းကပေါ့'

လို့ အစချီရင်း အတိတ်တွေထဲက လှပခဲ့ဖူးတဲ့ အမှတ်တရတွေအချို့ဆီ ကိုယ်ကိုယ်တိုင်ပဲ အလည်တစ်ခေါက်ပြန်သွားမိ၏။

Second Person (Season_1)​(Completed)​Where stories live. Discover now