Chapter 190 Part 1 ( Z & U )

Start from the beginning
                                    

Tian Xin ဂိုဏ်းနှင့် Qing Chengဂိုဏ်းတို့ကြားက ဆက်ဆံရေးမှာ အထိခိုက်မခံနိုင်ဆုံး အနေအထားဖြစ်နေသည်။ သို့သော်လည်း နှစ်ဖက်စလုံးမှ ဂိုဏ်းချုပ်များမှာ အမည်ခံ ဂိုဏ်းချုပ်များသာမဟုတ်ပေ သူတို့တွင် လူသားကျင့်ကြံသူများနှင့် မိစ္ဆာများကြားက ပဋိပက္ခများများမှာ ဆက်လက်ရှိနေသည်။ သူတို့သာ အချင်းချင်း သတ်နေပါက မိစ္ဆာများက အခွင့်ကောင်းယူသွားယုံသာပင်။

ကိစ္စများအားလုံးထဲတွင် လေးနက်သောကိစ္စတစ်ရပ် ပြီးခဲ့သော ရက်အနည်းငယ်က ဖြစ်ပွားခဲ့သည်။ အဲဒါက Xing Luo က လူများနှင့် ပတ်သတ်နေသည်။ ကောလဟာလများအရတော့ Xing Luo မှ လူများမှာ မိစ္ဆာများနှင့် အလုပ်အတူတူ လုပ်ကိုင်နေသည်ဟု ဆိုသည်။

အကြောင်းပြချက်ကတော့ သုခဘုံပွင့်ပြီး ငါးရက်ကြာသောအချိန်တွင် ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူ၌ XinShiyiအဖွဲ့မှ လူများ ရက်ရက်စက်စက်အသတ်ခံရပြီးနောက် အဲဒိနေရာတွင် အမည်မသိ အလောင်းငါးခုလည်း ရှိနေသည်။ နောက်ပိုင်းတွင် ထိုအလောင်းများမှာ ကျင့်ကြံသူများ မုန်းတီးလှသော မိစ္ဆာများ၏ အလောင်းများမှန်း လူများ သိသွားကြသည်။

အခင်းဖြစ်ရာနေရာမှ တိုက်ပွဲများ၏ ခြေရာလက်ရာများမှတစ်ဆင့် မိစ္ဆာများ သူတို့ရန်သူများနှင့် တိုက်ခိုက်ရာတွင်  Xing Luoမှ လူများက ကူညီပေးခဲ့ပုံ ပေါ်သည်။ သို့သော်လည်း အဲဒါက Xing Luoဂိုဏ်းနှင့် မိစ္ဆာများအတူ လက်တွဲနေသလား မတွဲဘူးလားဆိုတာကို သံသယဖြစ်သည့် အကြောင်းရင်းများတော့ မဟုတ်ပေ။

အကြောင်းအရင်းအမှန်မှာ သူတို့နှင့် သုခဘုံနယ်မြေကိုသွားသည့် အထဲတွင် ကျင့်ကြံသူတစ်ယောက်က မှော်ဝင်သားရဲတစ်ကောင်နှင့် ဆက်နွယ်ခဲ့သည်။ ထိုသားရဲက သူတို့ ဆက်နွယ်မှုမပြုခင်က Xing Luo ဂိုဏ်းမှ လူအချို့က အလွန်ကြီးမားလှသော လူတစ်ယောက်နှင့် လမ်းအတူ လျှောက်သွားတာကိုမြင်ခဲ့ကြောင်းနှင့် ထိုသူများက Xiao Yaoဂိုဏ်းက လူများကို သတ်ခဲ့ကြောင်း ပြောပြခဲ့သည်။

သူတို့ဘယ်လိုသေသွားသလဲ နှင့် သူတို့ကို ဘယ်သူသတ်သွားသလဲဆိုတာကိုတော့ အားကြီးလှသော ခွန်အားတစ်ရပ်ကြောင့် လွင့်စင်သွားသဖြင့် ထိုသားရဲက မမြင်ခဲ့ပေ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now