အပိုင်း၁၃၃+ ၁၃၄ +၁၃၅

2.3K 226 25
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၃၃။

တစ်လ ကြာပြီးနောက်.....

ရှန်းရီ...လက်ဖက်ရည်ခွက်ကို ပန်းကန်ပြားပေါ် ပြန်ချလိုက်၏။ ညနေခင်းရဲ့ လတ်ဆတ်တဲ့ လေပြေတွေက အရှိန်ဖျော့ဖျော့လေး တိုက်ခတ်နေပြီး သူ့မျက်နှာတစ်ဝိုက်လည်း တိုးဝှေ့နေသည်။

သူ...အလုပ်ကိစ္စတွေကို အိမ်ပြန်မသယ်လာတတ်ပေမယ့်....ဒီတစ်ခေါက်တော့ မစ္စတာလျန်က ရုတ်တရက် အိမ်လာလည်တာကြောင့် သူနဲ့ ချင်းယီ စီစဉ်ထားတာတွေ ပျက်ခဲ့ရသည်။

ရှန်းရီရဲ့ မျက်နှာကတော့ အေးစက်လျက်.....
သူ့ရဲ့ လက်ချောင်းတွေက သူ့ပေါင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး ဒီလူကြီးကို ထ ထိုးချင်နေလေပြီ။

နောက်ပြီး မစ္စတာလျန်ရဲ့ နောက်ထပ်ဇနီးကြောင့်လည်း  သူ ခေါင်းကိုက်နေရသည်။ သူမက ကလူပြီး သူ့ကို အထာတွေ ပေးနေသည်လေ...
မစ္စတာလျန်က ကြားတာတော့ သူမက တစ်ခြားနိုင်ငံရဲ့ မော်ဒယ်ဆိုပဲ...

သူမက သူ့ဆီကို တိုးတိုးလာကာ... သူမရဲ့ ကြီးမားတဲ့ ရင်သားကို ပြဖို့ ကြိုးစားနေပြီး မျက်စိပါ မှိတ်ပြနေသေးသည်။

ဘာလို့ အဲ့လောက်တောင် ကြီးနေရတာလဲ....?
မလေးဘူးလား...? ပိပြီးမသေ သွားတာ ကံကောင်း...! အဲ့လောက်ကြီးတာ အိပ်ရင် နေရမခက်ဘူးလား....

အာ...ချင်းယီရဲ့ sizeကမှ ပိုကောင်းသေးတယ်....သူမလို သေးတဲ့သူတွေအတွက် ပန်ကိတ်များနေ့ဆိုပြီးတော့တောင် လုပ်ပေးသင့်တယ်....😂😂
ဒါပေမယ့် ရှန်းရီကတော့ အသံမထွက်ရဲ။ သူ့မျက်နှာမှာ အပြုံးတုသာ ဖြစ်ပေါ်နေသည်။

" ဥက္ကဌ ရှန်း....၊ တစ်ခုခုများဖြစ်လို့လား...?''
မစ္စတာလျန်က ရှန်းရီ...သူတို့ကို အာရုံမစိုက်ဘူးဆိုတာကို သတိပြုမိသွားသည်။

ရှန်းရီ...သူ့ရဲ့ အာရုံကို ပြန်စုပြီး အမူအရာကိုထိန်းကာ ဧည့်သည်တွေကို ကြည့်လိုက်သည်။
ဒါပေမယ့် မဒမ်လျန်ရဲ့ ရေမွှေးနံ့က သူ့ကို ဒုက္ခပေးနေပြန်သည်။

" အာ..တောင်းပန်ပါတယ်...မစ္စတာလျန်...ကျွန်တော် တစ်ခုခုကို သတိရပြီး အတွေးလွန်သွားလို့ပါ...''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now