၈၄။

3.2K 329 2
                                    


ွှ❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၈၄။

နောက်နေ့မနက်မှာ.... မနက်ခင်း နေရောင်ခြည် အလင်းတန်းလေးက အိပ်ခန်းထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ လက်ထပ်ထားတဲ့ စုံတွဲကတော့ အိပ်စက်နေတုန်း....
ရှန်းရီတစ်ယောက် သူ့ဇနီးလေးကို တင်းကျပ်စွာဖက်ထားပုံက မသိရင် သူမထွက်ပြေးသွားမှာစိုးသည့်အလား.....

ထို့နောက် လုချင်းယီ နိုးလာ၏။ သူမ မျက်လုံးဖွင့်လိုက်ကာ ထဖို့လုပ်လိုက်တော့ ရှန်းရီက တင်းကျပ်စွာဖက်ထားတာကို သတိပြုမိသွားသည်။ သူမရုန်းထွက်ဖို့ ကြိုးစားပေမယ့်....အရာမဝင်။

"နာနေသေးလား...?''

ရှန်းရီရဲ့ အသံကြားတော့ သူမ သူ့မျက်နှာကို လှည့်ကြည့်သည်။

သူ မနေ့ညက ကြမ်းမိသွားသည်လေ.....အဲ့တာကြောင့် ဒီနေ့တော့ ချော့ရတော့မည်။ သူမ အရမ်းနာကျင်ရင်လည်း သူ... စိတ်မကောင်း ဖြစ်ရပြန်သည်။

" ဟေး...၊ တော်ပြီနော်... ရှင်က တော်တော်တဏှာကြီးတာပဲ... ! ကျွန်မ မပြောရင် ရှင် ရပ်မှာတောင် မဟုတ်ဘူး....''
ချင်းယီ...စိုက်ကြည့်ကာ ပြောလိုက်ပြီး...

" နိုး...နိုး ...ဒီမနက်ကတော့ မရတော့ဘူး...!''

ရှန်းရီက သူ့ဇနီးလေး စကားကြောင့် ရယ်လိုက်ကာ.....

" ချင်းယီကလည်း.... ကိုယ်က အချစ်ကြမ်းသွားလို့ပါ....မင်းလည်း ကိုယ့်ကို ချစ်တယ်လို့ ပြောခဲ့တယ်မလား...?''

" ဘာ..အဲ့တာနဲ့ ဘာဆိုင်လို့လဲ...?''
သူမက ပြန်လည်ချေပလိုက်၏။

ရုတ်တရက် ရှန်းရီက သူမကို သိုင်းဖက်ပြီး လှိမ့်ချလိုက်ကာ...

" နောက်တစ်ခေါက် ထပ်လုပ်မယ်ဆိုရင် မင်း...စိတ်ဆိုးမှာလား...?''

သူ့မျက်နှာမှာတော့ လူယုတ်မာအပြုံးနှင့်....

" ကျွန်မနဲ့ ဝေးဝေးမှာနေ.... နှာဘူးကောင်ရဲ့...လွှတ်...!''

" အရမ်းချစ်လို့ပါ...ချစ်ဇနီးလေးရဲ့.... နောက်တစ်ခေါက်...နောက်တစ်ခေါက်လို့....!''

" အီး..ယား....! "
ချင်းယီ... သူ့ကို တွန်းထုတ်လိုက်တော့ သူ လဲကျသွား၏။သူကတော့ သူမရဲ့ ရှက်နေတဲ့ မျက်နှာလေးကို ကြည့်ကာ ရယ်ပဲရယ်နေတော့သည်။ အာ...သူမကို စရတာ အရမ်းပျော်ဖို့ကောင်းတာပဲ....!

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now