၆၈။ ဒါတွေက ဘယ်မှာမှ ဝယ်လို့မရဘူး...!

4.5K 488 12
                                    

ရှန်းရွှီတစ်ယောက် သူ့အစ်ကို မူမမှန်နေတာကို သတိပြုမိပေမယ့် ဘာကြောင့်လဲဆိုတာကို သူ စဉ်းစားမရဖြစ်နေသည်။ အရင်တုန်းကဆို ရှန်းရီက ခရီးကနေပြန်လာတာနဲ့ သူ့ရဲ့ အလုပ်တွေကို သေချာပြန်စိစစ်လေ့ရှိသည်။ နောက်ပြီး အခုတလော ရှန်းရီ...မျက်နှာသုန်မှုန်တာလည်း မရှိသလို စိတ်ဆိုးဒေါသထွက်တာလည်း မဖြစ်နေပေ။

" အဖေ....အစ်ကို အခုတလော တစ်ခုခုဖြစ်နေတယ်လို့ မထင်ဘူးလား..... ?''
ရှန်းရွှီက သူ့အစ်ကို ရေခဲသေတ္တာကနေ ခိုးလာတဲ့ အချိုပွဲတွေကို သူ့အဖေ ရုံးခန်းထဲမှာ စားနေရင်း မေးလိုက်၏။ '
' ဟီးဟီး အစ်ကိုကတော့ သူ့အချိုပွဲတွေပျောက်သွားတာ သိတာနဲ့ ငါ့ကို လာရှာပြီးသတ်တော့မှာပဲ...'

သူ့အဖေက အဝေးကိုကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ သူ့ရဲ့ အကြီးဆုံးသားကို မိန်းကလေးတစ်ယောက်နဲ့ တွေ့လိုက်တယ်လို့ သတင်းတော့ကြားပါရဲ့....သူ့သားလို လူ့ဂွစာကြီးကိုလည်း မယုံရဲ။ ဒီလိုသတင်းတွေကိုလည်း သူ အတည်မပြုရဲပေ။

ဒီသတင်းကို ကြားကြားချင်း သူ့အမေ(ရှန်းရီ အဖွား ) နဲ့ လောင်းကြေးထပ်ထားတာကြောင့် တကယ်စိတ်ဝင်စားနေတာတော့ အမှန်ပင်။ ဒါပေမယ့် ရှန်းရီကို မိန်းကလေးတွေနဲ့ ပေးတွေ့ခိုင်းတိုင်း ရှန်းရီရဲ့ လုပ်ရပ်ကြောင့် သူအမြဲ ရှုံးနေသည် မဟုတ်ပါလား....
ဒီတစ်ခါ သတင်းက အမှန်ဆိုရင်တော့ သူလောင်းကြေးထပ်ထားတာ အကုန်ပြန်ရတော့မှာပဲ....

" ရွှီ...အဲ့ဒီအကြောင်း ခေါင်းထဲမထည့်ထားနဲ့...
တကယ်လို့ မင်းအစ်ကိုက မိန်းကလေးတစ်ယောက်နဲ့ ဒိတ်လုပ်နေတယ်ဆိုရင် ငါတို့ နှောင့်ယှက်သလို ဖြစ်သွားမယ်...''

"ဒါပေမယ့် အခုက သူ့ကိုကြည့်ရတာ ပြုစားခံထားရသလိုပဲ....နောက်ပြီး အလုပ်မလာတာ ဘယ်လောက်ကြာပြီလဲ...? သူ့ပုံစံက အဲ့လိုမဟုတ်ဘူးလေ....အဖေ...''

ရှန်းရွှီက သူယူလာတဲ့ အနံ့ ​မွှေးကြိုင်လွန်းတဲ့ ​ကော်ဖီကို အရသာခံကြည့်တော့ အရမ်းကောင်းလွန်းလို့ သူ သဘောကျနေ၏။

ရှန်းရီက ဒီဟာတွေကို ဘယ်ကနေ ဝယ်တာပါလိမ့် ? သူတို့ရဲ့ မိသားစုစားဖိုမှူးတောင် အဲ့လောက်ကောင်းအောင်မလုပ်နိုင်ဘူး.....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now