၉၅။

2.5K 348 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အာ....ငါတို့က လက်ထပ်ပြီးပြီလေ...!
ဘာလဲ..သဘောမတူဘူးဆိုပြီး လမ်းခွဲခိုင်းမလို့လား.. .? ငါက သူ့ကို အစားအသောက်ကြောင့် ယူထားတာ...သူ့ရဲ့ ကြွယ်ဝမှုကိုလည်း မမက်မောပါဘူး.....

ရှန်းရီက ငါ့ကို ဘာကြောင့် လက်ထပ်ခဲ့လဲဆိုတာကို ပြောပြလိုက်ရမလား....? မဖြစ်သေးပါဘူးလေ....ရှန်းရီနဲ့ ကတိပေးထားတာကို....
လုချင်းယီရဲ့ မှတ်ဥာဏ်က သင်္ဘောပေါ်က အဖြစ်အပျက်ကို မှတ်မိသွားသည်။

နိုး...နိုး..နိုး..! အစားအသောက်အတွက် ကတိပေးခဲ့တာကိုလည်း ပြောလို့ မဖြစ်ပြန်ဘူး...မဒမ်ရှန်းက ငါ့ကို တစ်မျိုးထင်သွားနိုင်တယ်လေ...

သူမ... အတွေးထဲမှာ မျောနေပြီး အဆင်မပြေဖြစ်နေတာကို မြင်တော့ ရှန်းရီ အသိပေးသလိုနဲ့ ချောင်းတစ်ချက်ဟန့်လိုက်၏။
ဒီသစ္စာဖောက်တဲ့ လူကြီးကတော့ သူမကို နည်းနည်းလေးမှ မကူညီဘဲ အကြည့်လွှဲထားသည်လေ...ဘယ်လောက် အသည်းယားဖို့ကောင်းလိုက်လဲ..

" ကျွန်မက သူ့ရဲ့ ပစ္စည်း ဥစ္စာကို မက်မောလို့ လက်ထပ်ခဲ့တာ မဟုတ်ပါဘူး....''
သူမက စတင်ရှင်းပြလာ၏။

" သူကသာ ကျွန်မကို လှည့်စားခဲ့တာ...''

မဒမ်ရှန်းက ထိုစုံတွဲကို စေ့စေ့ကြည့်လိုက်၏။
ထို့နောက် သူမနှုတ်ခမ်းလေးက ကွေးတက်သွားကာ ရယ်လာတော့သည်။

"ရီက  မိန်းကလေးကို ဘယ်လိုများ လှည့်စားလိုက်တာလဲ.... ?''
မဒမ်ရှန်းက ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်နေတာ မရပ်တော့ပေ။

" ဟာသတွေ ပြောနေတာပဲ....ရီက မင်းကို အချစ်ပိုနေတာပဲ တွေ့ပါတယ်..... ဘာလို့အဲ့လိုပြောရတာလဲ....?''

" ဟင်....?''
Sun မိသားစုကလို့ပြောလိုက်တာနဲ့ မဒမ်ရှန်းက သူမကို ကန်ထုတ်လိမ့်မယ်လို့ ထင်ထားတာလေ...

" ရီကို မိန်းကလေးက ဘယ်လောက်အထိ ချစ်လဲဆိုတာကို  သိချင်တယ်...''

မဒမ်ရှန်းက ချင်းယီကို ဝိုင်ခွက်ကမ်းပေးလိုက်ကာ....

" တကယ်လို့ ငါက ရီကို အမွေဖြတ်လိုက်ရင်ရော......မင်းအဖိုးက မင်းအမေကို လုပ်သလိုမျိုးလေ.....အဲ့လိုဆိုရင်ရော မွဲသွားတဲ့ရီကို ချစ်အုံးမှာလား....?''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now