၅၈။ကိုယ့်ကို အရမ်းကြီး စိတ်မပူပါနဲ့....

4.2K 505 1
                                    

သူတို့ရဲ့ ညစာစားမယ့် အစီအစဉ်လေးကတော့ မျက်ရည်တွေ ပူပန်မှုတွေနဲ့ ပြီးဆုံးခဲ့၏။
ရှန်းရီကို ရုံးကနေ ဆေးရုံကို သယ်သွားရသည်။

ဆရာဝန်တွေက သေချာကု​ပေးပြီးတောင်မှ သူမ ၂နာရီလောက် စောင့်လိုက်ရသည်။
ဝန်ထမ်းတွေသာ အခန်းထဲကို စောစောဝင်သွားနိုင်ရင် ဒီလောက်ထိ ဖြစ်မှာမဟုတ်။

နောက်ပြီး စိတ်ကြွဆေး မဟုတ်လို့ တော်သေးသည်။ ဒီဆေးက စိတ်ကြွဆေးလောက် အစွမ်းမထက်ပေမယ့် ရှန်းရီရဲ့စိတ်ကို ခေတ္တ ကစဥ့်ကလျားဖြစ်စေသည်။

ယန်ချိုင်းရဲ့ အကူအညီနဲ့ ရှန်းရီကို ဟိုတယ်ဆီ ပြန်ခေါ်လာခဲ့၏။

လုချင်းယီ...၊ ဆေးနဲ့ ရေခွက်ကို အိပ်ယာဘေးက စားပွဲပေါ်တင်လိုက်ပြီး မီးမှိန်မှိန်လေးပဲ ထွန်းလိုက်ကာ အိပ်ယာပေါ်တက်လိုက်၏။ ထို့နောက် အိပ်ပျော်နေတဲ့ ရှန်းရီကို ကြည့်လိုက်မိသည်။

ရှန်းရီ မပြန်လာတော့ သူမတကယ်ကို စိုးရိမ်ခဲ့သည်။အရင်တုန်းက သစ္စာဖောက်ခံရတာကို သတိရသွားပြီး သူမ နောက်တစ်ကြိမ် အသဲကွဲမှာကို ကြောက်ရွံ့ နေခဲ့သည်လေ။

ဘုရားရေ.... စောစောတုန်းက သူမ အရမ်းခက်ထန်မိပါလား....

သူမရဲ့ အချစ်ကံကလည်း ရှုပ်ထွေးလိုက်တာ..!

အရင်တုန်းတော့ ကုန်းယီကျွင်းကို အကောင်းဆုံးလို့ ထင်ခဲ့မိသည်။ သူက ကြင်နာတယ်...ဂရုစိုက်တယ်... အလုပ်ကြိုးစား တယ်လို့ တစ်ဖက်ပိတ် ယုံခဲ့တယ်လေ... နောက်ပြီး သူမကလည်း ဘဝအဆုံးထိ လက်တွဲဖို့ ရည်ရွယ်ထားတာကိုး...
နောက်ဆုံးတော့ လိမ်ညာတာတွေ သက်သက်ပါပဲလား....

ကုန်းယီကျွင်းကို ဆက်မချစ်နိုင်တော့ဘူး ဆိုတာ သူမဘက်ကတော့ သေချာပြီ။

အခုတော့ သူမရင်ထဲမှာ တစ်စုံတစ်ယောက်က စိုးမိုးထားနိုင်ပြီလေ....

သူမ သူ့ကို ချက်ချင်း လက်မထပ်လိုက်သင့်ဘူးဆိုတာတော့ သိပါတယ်...

ရှန်းရီကို ကြည့်ရင်း သူမက အတွေးတွေထဲမှာ လွင့်မြောလျက်။

ဒီလူကြီးနဲ့ တွေ့တာ တစ်လတောင် မကြာသေးဘူး...ဘာလို့ သူမရဲ့ရင်ထဲ သူရောက်လာတာလဲ...?
တကယ်လို့ သူမရင်ထဲမှာ သူမရှိဘူးဆိုရင် ဒီလို ဝုန်းဒိုင်းကြဲမိမှာမဟုတ်။ ဟင်....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now