၁၀၃။

2.4K 294 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၀၃။

" အမေ....လုချင်းယီကို တကယ်လက်ခံလိုက်ပြီလား....?''
ရှန်းဟောင်ကတော့ သိပ်ပြီး မယုံသင်္ကာဖြစ်နေ၏။ သူ့ရဲ့သားကြီး ရှန်းရီက လုချင်းယီကို အရမ်းမြတ်နိုးတာကို အထင်းသား မြင်နေရသည်။ လုချင်းယီလည်း ရီကို တွယ်တာပါတယ်လေ....ဒါပေမယ့်.......သူ့အစ်ကိုလိုမျိုး သူ့သား....ခံစားရမှာကို အရမ်းကြောက်မိသည်။

" နင့်သား ပျော်ရွှင်နေတာကို ဘယ်တုန်းက နင်မြင်ဖူးလို့လဲ....?''
မဒမ်ရှန်း....ပြန်ဖြေပြီး သူမမျက်လုံးက ဥယျာဉ်ထဲမှာ ခွေးလေးနှစ်ကောင်နဲ့  အတူရှိပြီး တစ်ယောက်ကိုတစ်ယောက် ကျီစယ်နေကြတဲ့ ထိုစုံတွဲဆီရောက်သွား၏။

ရှန်းဟောင်ရဲ့ အကြည့်ကလည်း သူ့သားနဲ့ သူ့ချွေးမဆီရောက်သွားသည်။
တကယ့်ကို ဘယ်လောက်တောင်ကြာပြီလဲ.....
သူ့မိန်းမနဲ့ ကွာရှင်းပြီးကတည်းက ရီရဲ့  အမူအယာဟာ အေးစက်သွားပြီး ပြုံးလည်း မပြုံးတော့သလို မိသားစုနဲ့ အချိန်ဖြုန်းတာလည်း နည်းသွားသည်။ အရွယ်ရောက်တော့လည်း စာကိုသာ ကြိုးစားသင်ယူပြီး အလုပ်မှာသာ အာရုံစိုက်တော့သည်။

မနေ့က မဒမ်ရှန်းရော ရှန်းဟောင်ရော မမျှောင်လင့်ထားတဲ့ ကိစ္စတစ်ခုကို ရှန်းရီလုပ်ခဲ့သည်။ Crystal Sunကို တစ်ညတည်းမှာပဲ ပြိုလဲအောင် လုပ်ခဲ့ပြီး ဆန်းယူရင်းကိုလည်း တစ်ခါတည်း မွဲသွားအောင် လုပ်ပစ်ခဲ့သည်။ သူ့ဇနီးအတွက် အဲ့လောက်တောင် ရက်စက်ခဲ့ပြီပေါ့.....

--------------------

" ကျွန်မတို့ နောက်ကျသွားပြီလား....?''

" နောက်မကျသေးပါဘူး.....အဖေတို့လည်း အခုမှ ထိုင်တာပါ....''
ရှန်းဟောင် ခေါင်းခါပြီး သူ့ချွေးမ မေးတာကို ပြန်ဖြေ၏။ သူ့ဘေးမှာတော့ ရှန်းရွှီတစ်ယောက် ဘယ်သူ့ကိုမှ မစောင့်ဘဲ ခေါင်းမဖော်တမ်း စားနေလေပြီ......
ထို့နောက် သူ့သားက ချင်းယီ ထိုင်ဖို့ ခုံနေရာကို ပြင်ပေးပြီး ကူညီသည်လေ....
သူမက ကျေးဇူးတင်စကားပြန်ပြောပြီး လူကြီးတွေကို ပြန်နှုတ်ဆက်နေပြန်သည်။

စားပွဲပေါ်မှာ အစားအသောက်ကောင်းတွေ စုံလင်နေတော့ လုချင်းယီရဲ့ မျက်လုံးတွေ လက်သွားရချေပြီ။ ပြီးနောက် သူမဗိုက်လေးကတော့ ဆာလောင်မှုကြောင့် တိုးတိုးလေး အော်မြည်လာခဲ့သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now