၆၇။တနင်္လာနေ့ကို မုန်းတယ်...!

4.9K 469 12
                                    

မနက်ခင်းလေးရဲ့ နေရောင်ခြည်လေးတွေက အိပ်ခန်းထဲကို ဖြာကျနေပြီး ထိုအိပ်ခန်းထဲက စုံတွဲကို ' မိုးလင်းနေပြီ.... ထကြတော့လို့ ' သတိပေးနေသလိုပင်။

လုချင်းယီက သူမယောင်္ကျားရဲ့ တောင့်တင်းကျစ်လစ်တဲ့ ရင်ဘတ်ပေါ်မှာ ခေါင်းတင်အိပ်နေကာ သူမရဲ့လက်တွေက သူ့ခါးကို ဖက်တွယ်ထားသည်။

အခုဆိုရင် မြို့တော် Hကပြန်လာတာ နှစ်ပတ်ရှိသွားလေပြီ။ သူက သူမကို အရင်လိုခွဲမနေဘဲ သူ့အခန်းထဲမှာလာနေဖို့ တောင်းဆိုခဲ့သည်။ သူမကလည်း ဟန်ဆောင်လက်ထပ်ထားတာ မဟုတ်တော့တဲ့အတွက် သူ့ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့သည်လေ...

ထို့နောက် ရှန်းရီနိုးလာ၏။ သူမက သူ့ရင်ဘတ်ပေါ်မှာ အိပ်နေတော့ သူ ပြုံးလိုက်ပြီး သူမရဲ့ ဆံနွယ်လေးကို သပ်လိုက်သည်။

သူမက သူပေးတဲ့ ညအိပ်ဂါဝန်ကို မဝတ်ဘဲ သူမရဲ့ ချစ်စရာကောင်းတဲ့ ဝတ်စုံကိုပဲ ဝတ်ထားသည်လေ။ တစ်ခါတစ်လေ သူက အရွယ်မရောက်သေးတဲ့ကလေးကို လက်ထပ်ထားသလား အောက်မေ့ရလောက်အောင်...သူမက အရမ်းကလေးဆန်လွန်းသည်။ မသိရင် သူကပဲ ကလေးမုန့်ကျွေးကြိုက်ထားသလို....

ထို့နောက် သူမမျက်ခွံတွေက ဖြည်းဖြည်းချင်းလှုပ်ရှားလာတော့ ရှန်းရီ သူမရဲ့ နှဖူးလေးကို အသာအယာနမ်းလိုက်၏။

သူမမျက်လုံးတွေ တဖြည်းဖြည်းပွင့်လာပြီး ရှန်းရီကို ကြည့်လိုက်ကာ....

" မောနီး.....''သူမ ပြောလာ၏။

" မောနီးပါ ချစ်ဇနီးလေး....''
သူ့ရဲ့ လက်မောင်းနဲ့ သူမခန္ဓာကိုယ်လေးကို ဖက်တွယ်ထားလိုက်ပြီး သူမမျက်နှာလေးကို နမ်းရှုံ့ နေပြန်၏။

" ကောင်းကောင်း အိပ်ပျော်ရဲ့လား...?''

" ဟမ်း...အင်း အိပ်ပျော်ပါတယ်....ရှင်...မနေ့ညက မဟောက်လို့လေ...''

" ကိုယ် ဘယ်တုန်းကမှ မဟောက်ပါဘူး....''
လုချင်းယီ ရယ်လာ၏။

" ရှင်...စောစောနိုးနေတာပဲ...''

" ဒီနေ့က တနင်္လာနေ့လေ...ကိုယ် စောစောသွားရမယ်....''
ရှန်းရီ သက်ပြင်းချလိုက်၏။

" တနင်္လာနေ့ကနေ သောကြာနေ့ထိရောက်ဖို့ ဘာလို့ ဒီလောက်ကြာရတာလဲ...? တကယ်တော့ သောကြာနေ့နဲ့ တနင်္လာနေ့က နီးနီးလေးလေ....!'' သူမ နှုတ်ခမ်းစူလိုက်ပြီး....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now