၂၀။ ရှန်းရီ....ရှုံးနိမ့်သွားပြီ....။

5.4K 677 13
                                    

၂၀။

လုချင်းယီ ကတော့ သူ့ဆီကနေ ဘာမှမမျှော်လင့်ထားပါ။
ဟုတ်ပါတယ်လေ....
သူက အောင်မြင်တဲ့ ကုမ္ပဏီရဲ့ ဥက္ကဌပဲဟာ...
ဒါပေမယ့်...
ရှန်းရီက ကုမ္ပဏီပိုင်ရှင်ကြီးတွေ နေတဲ့ ဇိမ်ခံတိုက်ခန်းတွေ အစား အခုလို ရိုးရှင်းတဲ့ နှစ်ထပ်တိုက်လေးနဲ့ ခြံဝင်းကြီးမှာနေမှာကိုတော့ သူမလုံးဝ မထင်ထားပေ။

သူတို့ အိမ်လေးဆီကို လမ်းလျှောက်လာတော့
ကြီးမားတဲ့ (Akita )ဂျပန်ခွေးလေးနှစ်ကောင်
ကို တွေ့လေ၏။
ရှန်းရီ က ခွေးနှစ်ကောင်ရှိတာကို မေ့နေပြီး အခုလို ချက်ချင်းတွေ့တော့ သူ့ရဲ့ဇနီးလေးကို စိုးရိမ်သွားသည်။

သူအံသြ သွားက....သူ့ဇနီးလေးက  ပျော်ရွှင်စွာ အော်ဟစ်ပြီး ခွေးလေးတွေဆီကို ပြေးသွားတာပင်။
သူလန့်သွားမိသည်။

ဒါပေမယ့် ခွေးလေးတွေက သူမကို ရန်မမူဘဲ နေတော့မှ သူစိတ်အေးသွားရသည်။
ထို့နောက် ခွေးလေးတွေကို သူမက လက်ကမ်းပေးလိုက်သည်။

သူမက ပထမဆုံး ချဉ်းကပ်သည့်အနေဖြင့် သူတို့ရဲ့ တုံ့ပြန်မှုကို စောင့်နေသည်။
ခွေးလေး တစ်ကောင်ကတော့ သူမဆီကို ချဉ်းကပ်လာပြီး သူမရဲ့ လက်ဖဝါးလေးကို ပွတ်သပ်ကာ နမ်းဟန်ပြုနေ၏။
လုချင်းရီ....တခစ်ခစ် ရယ်မောလာ၏။
ကျန်နေတဲ့ တစ်ကောင်က သူ့အစ်ကို ကို မနာလိုလို့...ထင်ပါတယ်...
သူမဆီကို လာပြီး သူမရဲ့ လက်မောင်းကြားမှာ တိုးဝှေ့နေ၏။
သူမက လိမ္မာတဲ့ကောင်လေးရဲ့ ခေါင်းကို ပွတ်သပ်ပေးနေမိသည်။

ရှန်းရီကတော့ ဘယ်လိုပြောရမှန်း မသိအောင် ဖြစ်သွား၏။
သူရဲ့ ခွေးတွေက လုချင်းရီ လိုမျိုး သူစိမ်းတစ်ယောက်က လွယ်လွယ် ချဉ်းကပ်တာကို လက်ခံတယ်လား?

ဒီညက သူတို့ရဲ့ မင်္ဂလာဦး ညလေ!
ဒီခွေးတွေက သူ့ဇနီး ရဲ့ အာရုံစိုက်မှုကို ခံယူနေတာလား?

လုံးဝ... ခွင့်မလွှတ်နိုင်ဘူး..!
(ခွေးနဲ့အပြိုင် ဂျေဝင်နေတာ 😂)

သနားစရာကောင်းတဲ့ ရှန်းရီကတော့ သူ့ရဲ့ ခွေးတွေ​လောက်တောင် အာရုံစိုက်မခံရဘဲ
ရှုံးနိမ့်ခဲ့ချေပြီ။

" မင်း....ဗိုက်ဆာနေတယ်မလား? "
သူမရဲ့ အာရုံစိုက်မှုကို ခံရဖို့ ရှန်းရီ မေးလာလေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Onde histórias criam vida. Descubra agora