၁၇။ တကယ်ကို....အဆင်ပြေစေတဲ့ အိမ်ထောင်ရေး?

5.4K 622 5
                                    

ရှန်းရီ.....သူ့ရဲ့ ကားပေါ်မှာထိုင်နေရင်း သူ့ရဲ့
ဇနီးလေး ....လမ်းထောင့်ကနေ ဝင်သွားတာကို ကြည့်လိုက်၏။
သူမနဲ့ လိုက်လာတာဟာ မသင့်တော်မှန်းသိပေမယ့်.....
သူမရဲ့ ရည်းစားဟောင်းနဲ့ ရင်ဆိုင်ရရင်တောင် သူတို့ ဟာ အခု...လက်ထပ်ပြီးသားဖြစ်နေပြီပဲ။

သူမနဲ့ သဘောတူညီချက်ရဖို့ သူ...ကြိုးစား ခဲ့တာတော့ မှန်ပါတယ်....
ဒါပေမယ့်...
အခုလို ပြဿနာ တွေပေါ်လာပြီး သူက ကြားဝင်ရမယ်လို့ ဘယ်လို ထင်မိမှာလဲ။

သူတို့ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် နားလည်မှုတော့ ထားကြပါတယ်။
လွန်ခဲ့တဲ့ အပတ်တွေက သူမနဲ့ တွေ့ဆုံရတာဟာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရစေပြီး..... သူကိုယ်တိုင်လည်း သက်တောင့်သက်သာ ဖြစ်ခဲ့သည်။
သူမက... သူ. .အရင်က တွေ့ဖူးတဲ့ မိန်းမတွေလိုမျိုး သူ့ကို အတင်းအကျပ် ဆွဲဆောင်တာလည်း မလုပ်ခဲ့သလို ၊ သူ့ရဲ့ အာရုံစိုက်မှုကို ရဖို့ တောင်းပန်တာမျိုးလည်း မလုပ်ခဲ့ဘူး။
အဲ့ဒီအစား....
သူကပဲ နှာဘူးလိုလို ၊ လူဆိုးကောင်လိုလို ဖြစ်ခဲ့ရသည်လေ။

သူမနဲ့ နေရတာကို လုံးဝမပျင်းနိုင်ဘဲ...
သူမရဲ့ ပေါက်တက်ကရ ပြောတဲ့စကားတွေကို ပဲ သူ..သဘောကျနေမိ၏။
သူမမျက်နှာ မသုန်မှုန်ရင်တော့ မဆိုးပါဘူး
ကြည့်ကောင်းပါတယ်။

သူမရဲ့ သေးသွယ်တဲ့ခန္ဓာကိုယ်နဲ့ ပုတဲ့ အရပ်အမောင်းကိုတော့... သူတကယ် အံ့သြရပါသည်။
'သူမ.. စားလိုက်တဲ့ အစားအစာတွေက ကယ်လိုရီတွေက ဘယ်မှာသွားချေဖျက်လိုက်ပါလိမ့်'

သူမက ကိုယ်ရေးကိုယ်တာတွေကိုလည်း အလေးထားသားပဲ၊
သူအလုပ်လုပ်နေရင် လုံးဝ မနှောင့်ယှက်ဘဲ တစ်ယောက်ထဲ အေးဆေးနေ၏။
အရင်လို မေးခွန်းတွေမေးခြင်း၊ အမိန့်ပေးခြင်းတွေမရှိပေ။

အခုတော့...သူ့ရဲ့ ဘေးမှာ ဇနီးတစ်ယောက်နဲ့ သာမန်လူတစ်​ယောက်လိုမျိုး ပြန်လာခဲ့နိုင်ပြီ။
ကဲ...
ပြန်သွားရင်တော့ သူ့ရဲ့ အဖေနဲ့လည်း ငြင်းခုန်စရာ မလိုတော့သလို၊ အဖွားကသူ့ကို ... ရရာမိန်းကလေးနဲ့ပေးစားတာကို လက်မခံရင် အရင်ဆုံး သတ်ပုတ်ရသူက သူ့ရဲ့ ညီ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now