၁၄။ မင်းကိုယ်မင်းလည်း .... လျှော့မတွက်ပါနဲ့။

5.7K 665 6
                                    

၁၄။

သူမ အရိုးသားဆုံးဝန်ခံရရင် ဒီအားလပ်ရက်မှာ အဓိပ္ပါယ်မရှိတဲ့စကားတွေကို  ပြောခဲ့တာတွေ
မမျှော်လင့်ထားတာတွေက ဒရမ်မာ ထဲကလို ဖြစ်ပျက်ခဲ့ တာကိုတော့ သူမတကယ်နှစ်သက်မိပေသည်။ ပြီးတော့ သူမ အိမ်ပြန်ရတော့မည်။

သစ္စာဖောက်တွေဆီကနေ ထွက်ခွာခဲ့ပြီး ဒီကို တစ်ယောက်တည်းလာရတာကိုတော့ သူမလုံးဝ နောင်တမရပေ။ ဒီအားလပ်ရက်မှာ ရှန်းရီကတော့ သူမရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်နေလေ၏။
ဒါပေမယ့် အမြဲ ဒီလို စနောက်နေရင်တော့ သူ့နဲ့ အတူနေရင် တစ်မိနစ်တောင် နေနိုင်ပါ့မလား?

အဝတ်အစားတွေ ထုပ်ပိုးပြီးနောက် သူမကြည့်လိုက်တော့ အနာဂတ် ခင်ပွန်းလောင်းကြီးက ဧည့်ခန်းမှာ ထိုင်ပြီး လပ်တော့ပ် တစ်လုံးနှင့် အလုပ်ရှုပ်နေ၏။ ထိုစဉ် သူမအသံပေးလိုက်သည်။
သူ အလုပ် စလုပ်ကတည်းက သူမ သူ့ကို စောင့်ကြည့်နေ၏။
ဒီလူကြီးက သူ့ကိုယ်သူ နားဖို့ အချိန်နည်းနည်းလေးတောင် မပေးပါလား?

" သွားဖို့ အဆင်သင့်ပဲလား ?''
သူ့ရဲ့ လပ်တော့ပ်ကို အာရုံစိုက်မပျက်ပဲ ပြောလာသည်။

အီးး....ယား...

" ဒီအိတ်ကြီးက ပိတ်လို့လည်းမရဘူး ''

ရှန်းရီ ထလိုက်ပြီး သူမဆီကိုလာခဲ့၏။
သူက အိတ်ရဲ့ အပေါ်ကနေ ဖိလိုက်ပြီး သူမက ဇစ်ကို ဆွဲပိတ်လိုက်တော့ အလွယ်တကူ ရသွားသည်။

" ကျေးဇူးပဲ...''

" အိတ်ထဲမှာ..ဘာတွေ ပြည့်နေတာလဲ? ပစ္စည်းတွေ အများကြီး ယူခဲ့တာလား? "

သူမ ဆံပင်ကို သပ်လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့
ပြောလာ၏။

" မဟုတ်ပါဘူး..၊ ကျွန်မ ကော်ဖီဆိုင်က မုန့်တွေ ယူလာခဲ့တာ...!''

"....''

"ဘာလဲ! ကျွန်မတို့ လမ်းမှာစားဖို့ မုန့်တွေအများကြီး လိုတယ်လေ ။ ကျွန်မက ခရီးသွားရင် မုန့်မပါလို့ မရဘူး''

" ဒါပေမယ့် ငါတို့ စောစောကပဲ နေ့လည်စာစားပြီးပြီ လေ၊ ပြီးတော့ ငါ့ရဲ့ အချိုပွဲတွေ တောင် မင်းစားလိုက်သေးတယ် ''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now