၅၄။ အလိုလိုက်ခံထားရတဲ့ ဇနီးလေး (၂)

4.2K 476 8
                                    

" ဘုရားရေ....ဒါက ကန့်သတ်ချက်နဲ့ ရောင်းတဲ့ လက်ဝတ်ရတနာလေးပဲ...၊ ကျွန်မကြားတာတော့ ဒီလိုမျိုး ၅စုံပဲ ထုတ်တယ်တဲ့.......
သခင်လေးက မမလေးအတွက် အရွေးတော်လိုက်တာပဲ...!''

" ကျွန်မလည်း သိပ်ကြိုက်တာ.....သူကလေ ကျွန်မအတွက် သေချာ ရွေးထားပေးတာ...''
လုချင်းယီက ရှက်ရွံ့ စွာ ပြောလာ၏။

" အို...ကျွန်မသိပြီ......မမလေးတို့ အတွက် အရမ်းကို လိုက်ဖက်တဲ့ စုံတွဲဝတ်စုံလေးရှိသေးတယ်......ဟိုတလောတုန်းကပဲ ရောက်ထားတာ... နောက်လမှ တင်ဖြစ်မယ်နဲ့တူတယ်....ကျွန်မ မန်နေဂျာကို ပြောကြည့်ရင် ရမှာပါ.....မမလေး ကြည့်ချင်လား....?''
အရောင်းစာရေးမလေးကလည်း ရှန်းရီရဲ့ ဇနီးဆိုတော့ စိတ်အား ထက်သန်နေလေသည်။

" ပြကြည့်လေ...ကျွန်မကြည့်ဦးမယ်....သူကတော့ ကျွန်မရွေးတာကို ကြိုက်မှာပါ....''
လုချင်းယီ....ကျေးဇူးတင်စွာနဲ့ ပြုံးလိုက်၏။
အခုက ညနေ ၄နာရီတောင် ရှိပြီးဖြစ်ပေမယ့် သူမ...အခုထိ ဝယ်စရာ မတွေ့သေးပေ။ နောက်ပြီး ဒီညအတွက် ညစာကိုလည်း ပြင်ရဦးမယ်မလား......

" ရပါတယ်....ခဏလေးစောင့်နော်...ကျွန်မ သွားယူလိုက်ဦးမယ်....''

ထိုမိန်းကလေးက သွားတော့ လုချင်းယီ လိုက်ကြည့်နေမိသည်။

ရှန်းရီက သူတို့ လက်ထပ်ထားတဲ့အကြောင်းကို ထုတ်ဖော်ပြီး မပြောသေးပေမယ့် အခုလို လူတွေသိသွားတာလည်း ကောင်းပါတယ်လေ....သတင်းဆိုးတွေ ပျောက်သွားတာပေါ့....

.............

အခုတော့ အဲ့ဒီပါတီပွဲအတွက်နဲ့ သူမ စိတ်မသက်မသာ ဖြစ်နေရပြီ။ တစ်ခါမှလည်း အဲ့လို မသွားဖူးဘူး....နောက်ပြီး ဒေါက်ဖိနပ်လည်း စီးရဦးမယ်....ခလုတ်တိုက်ပြီး မှောက်လဲရင်ရော...
ရှန်းရီက ငါ့ကို ပွဲပီးတဲ့အထိ သူသွားရာ တကောက်ကောက် ခေါ်သွားမှာလား....?
လုချင်းယီ စိတ်ရှုပ်ထွေးနေချေ၏။

ကျောင်းတက်တုန်းကလည်း သူမက မန်​ကျောက်လောက် မထင်ပေါ်ခဲ့ပေ။ နောက်ပြီး ပညာရေးဘက်မှာရော အားကစားဘက်မှာရော အမြဲတမ်း နောက်ဆုံး ။ သူမကျွမ်းကျင်တာဆိုလို့ ချက်ပြုတ်တတ်တာလေး တစ်ခုပင်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now