❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၁၀၆။
' ရှန်းရီတော့....ငါ့ကို သတ်တော့မှာပဲ....! ဒါမှမဟုတ် နှစ်ယောက်လုံးကိုလား....?'
လုချင်းယီက ရှန်းရီရဲ့ ကားထဲမှာပေသွားတဲ့ ချောကလက်မစ်ရှိတ်တွေကို သုတ်နေရင်း တွေးနေမိသည်။ သူမယောင်္ကျားတော့ ဒီတစ်ခါ ခွင့်မလွှတ်တော့ဘူးထင်တယ်.....
" ချင်းချင်းရယ်...ငါတောင်းပန်ပါတယ်.....ကားကို ရေပြန်ဆေးတဲ့ အခါကျရင် ငါတာဝန်ယူပါ့မယ်....''
ရှောင်လန်က ချင်းယီကို ပြဿ နာတွေပေးမိတဲ့အတွက် တောင်းပန်နေလေ၏။" နိုး...နိုး ရပါတယ်...ကိစ္စမရှိပါဘူး....၊ တို့နှစ်ယောက် အပြင်ထွက်လာတာကို ရှန်းရီကို ပြောဖို့မေ့သွားတယ်.....''
" ငါနဲ့ အပြင်ထွက်လာတာကို ရှန်းရီသိရင် စိတ်မဆိုးလောက်ပါဘူး....နင်လည်း အပြင်မထွက်ရတာ ကြာပြီမလား....''
ရှန်းရီက သူ မရှိတုန်း တစ်ခုခုဖြစ်သွားမှာကို ကြောက်နေတာပင်။
" ကဲ....ငါတို့ရဲ့ ပျော်ရွှင်စရာ ဈေးဝယ်ထွက်တဲ့ အစီအစဉ်လေးကို စလိုက်ရအောင်....၊ ကျွန်မတို့ အပြင်သွားတာကို ရှန်းရီသိအောင် အသိပေးလိုက်မယ်လေ....''
လုချင်းယီ....ရယ်လိုက်၏။" မြို့ထဲကို ရောက်ရင် ဘယ်မှာ ဈေးဝယ်ထွက်မယ်လို့ စဉ်းစားထားလဲ...?''
" ငါလည်း မသိဘူး....၊ ငါ့ရဲ့ ဗီရိုကြီးတစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ ဝယ်လို့ကောင်းမယ့်နေရာကို သွားပါ....၊ မကြာခင်မှာ ငါ့ရဲ့ ကိုယ်လုံးက ဝေလငါးကြီးလို ဖြစ်လာမှာလေ....''
" အာ...ရှောင်လန်က မဝပါဘူး....၊ ကိုယ်ဝန်နဲ့မို့ပါ....ကြည့်ရတာ ဗိုက်က ဒီလောက် မြန်မြန် ကြီးထွားလာတယ်ဆိုတော့ အမွှာ ဖြစ်ရမယ်...''
လုချင်းယီက စနေပြန်သည်။
ရှောင်လန်တစ်ယောက်တော့ ရှော့ခ်ရလို့နေ၏။" လု..ချင်း..ယီ...!''
ရှောင်လန်က သူမနာမည်ကို တစ်ခါမှ အပြည့်အစုံ မခေါ်ဖူးပေ။" မိန်းမဆိုးလေး...! ငါ့ကို ရှန်းမျိုးရိုးနဲ့ လာမရောချနဲ့လေ....တကယ်လို့ တစ်စုံတစ်ယောက်က အမွှာလေး မွေးရမယ်ဆိုရင်တောင်.... အဲ့တာ နင်ပဲဖစ်လိမ့်မယ်......ဒီလိုလုပ်လေ ကလေးအတူတူမွေးရအောင် နင်ရော ကိုယ်ဝန်ရအောင် လုပ်လိုက်ပါလား....?''
YOU ARE READING
စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁) ( ဘာသာပြန်- Zawgyi +Unicode)