၃၇။ Fa မလေး ရှုလန်....

4.5K 568 10
                                    

ရှန်းရီက သူ့ဇနီးလေး လုပ်ထားတဲ့ မွှေးပျံ့ တဲ့ အချိုပွဲအနံ့ ကြောင့် အာရုံပြောင်းသွားပေမယ့် ရှုလန်မေးထားတဲ့ မေးခွန်းကိုတော့ သူ မမေ့နိုင်ပေ။ ရှန်းရီက လုချင်းယီဆီသွားပြီး ဒယ်အိုးကိုကြည့်လိုက်တော့ သူမက သတိပြုမိသွားပြီး....

" စားတော့မလား...?''

"အင်း...''
ရှန်းရီ ခေါင်းငြိမ့်ပြလာ၏။

" ဘယ်သူနဲ့ သဘောတူထားတဲ့သူ အကြောင်းပြောနေကြတာလဲ...?''
အစားကိုသာ ငုံ့စားနေတဲ့ ရှုလန်ကို မေးလိုက်၏။ ရှုလန်က စားနေတာကို ရပ်လိုက်ပြီး
လုချင်းယီဆီ ညွှန်ပြလိုက်သည်။

" မင်းမှာ သဘောတူထားတဲ့သူ ရှိတာလား...?''
ရှန်းရီက ချင်းချင်းပေးတဲ့ ပန်းကန်လုံးကို ကမ်းယူရင်းမေးလိုက်၏။ သူ...မြည်းကြည့်တော့ ငှက်ပျောသီးက အရမ်းမပျော့ဘဲ အချိုကလည်း အတော်ပင်။

သူမက  သဘောတူထားတဲ့သူ အကြောင်းကိုလည်း စိတ်မဝင်စားပေ။ ကျွန်မက သဘောတူထားတဲ့သူကို စိတ်ဝင်စား​နေမှတော့..... ရှင့်ကို ယူစရာတောင် မလိုတော့ဘူး....!

"တကယ်တော့ တရားဝင်မဟုတ်ဘူး...၊ နောက်ပြီး ကျွန်မက တွေ့တောင် မတွေ့ဖူးဘူး....''
လုချင်းယီ ရှင်းပြလာ၏။

" ဘာကြောင့်လဲဆိုတော့ ဟိုကောင်ဘက်ကပဲ ရပ်တည်နေရလို့လေ....''ရှုလန် ပြောလာ၏။
ချင်းချင်းက Sunမိသားစုရဲ့ ပြောစကားကို ဘယ်တော့မှ နားမထောင်ပေ။

"ဘာလဲ...? ငါ မှန်တာ ပြောတယ်လေ....၊
နင့်ယောင်္ကျားကို အမြင်မှားစေချင်လို့လား.....?''

ရှန်းရီ...အခုမှ စိတ်သက်သာရာ ရသွားတော့သည်။

" သူ့ကို ဘာလို့ လက်မထပ်တာလဲ....?''

"ဘာလို့ လက်ထပ်ရမှာလဲ...! ကျွန်မ အဒေါ်တွေက နှိမ်ဖို့သက်သက်လုပ်နေတာလေ..ကျွန်မရည်းစားရှိတာ သိသိကြီးနဲ့ ....၊နောက်ပြီး ကျွန်မ အမေလိုမျိုး အမွေဖျက်အောင် လုပ်ချင်နေကြတာ....''

ထို့နောက် ရှန်းရီက သူ့အဖေပြောထားတဲ့ ခရီးစဉ်လေး အကြောင်းကို သတိရသွားသည်။

"ဒီတစ်ပတ်...ဘယ်သွားစရာရှိလဲ....?''သူ မေးလာသည်။
ချင်းယီက ဒယ်အိုးထဲက မုန့်တွေကို ပန်းကန်ထဲ ထည့်လိုက်ကာ ဒယ်အိုးကို ဆေးလိုက်ပြီး.....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now