၁၀၄။

2.4K 302 0
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၀၄။

လုချင်းယီတစ်ယောက် သီးသွားရ၍ ရှန်းရီက သူမကျောပြင်ကို ပွတ်သပ်ပေးလေ၏။

" အဖေ.....!''

" အဲတာလေး မေးမိတာကို....''
ရှန်းဟောင် ပြန်ဖြေနေတုန်း ချင်းယီက ချောင်းဆိုးတာပျောက်အောင် ရေသောက်လိုက်၏။

" နင့်အဒေါ် အန်က နောက်အပတ်မှာ သူမမြေးတွေနဲ့ ပြန်လာတော့မယ်....အဲ့တာကြောင့် နင်တို့နှစ်ယောက်က ငါ့အတွက် တစ်ခုခုပေးဖို့ ပြင်ဆင်ထားလားဆိုပြီး မေးမိတာပါ....''

" သူတို့ကိစ္စ....သူတို့စဉ်းစားပါစေပေါ့.... နင်ကလည်း....''
မဒမ်ရှန်းက သူမသားကို မျက်မှောင်ကြုတ်ပြီးကြည့်ကာ ပြောလိုက်၏။

" ဟုတ်တယ်မလား....ချင်းအာ...''

" အာ...ဟုတ်တာပေါ့...၊ နောက်ပြီး ကျွန်မအံ့သြသွားလို့ပါ.....''

" ဆောရီး ....ချင်းအာ...အဖေ အဲ့ဒီမေးခွန်းကို မမေးလိုက်သင့်ဘူး....ဒါပေမယ့် အနည်းဆုံးတော့ ရီက ဂေးမဟုတ်ဘူးဆိုတာကို သိသွားပြီမလား....?''

" ဂေး မဟုတ်တော့ဘူးဆိုတာကို အဖေအတပ်သိလို့လား.....?''
ရွှီက  ချောကလက်ကိတ်မုန့်ပန်းကန်ကိုင်ကာ မီးဖိုချောင်ကနေ ထွက်ခဲ့၏။

" ရွှီ....!''
ဒီအကောင်တော့ ရန်သွားစနေပြန်ပြီ။ အားနေရင် သတ်ဖို့ပဲ စဉ်းစားနေကြတယ်........

" တကယ်လို့ ငါ ဂေးဖြစ်ခဲ့ရင်တောင် ချင်းယီက ငါ့ကို ယောင်္ကျားပီသအောင် လုပ်နိုင်ခဲ့တာပဲ....''
ရှန်းရီက ဂရုမစိုက်ဟန်ဖြင့်.....

" ဒါမှမဟုတ်....နင် ငါ့အိမ်ရောက်တဲ့နေ့တုန်းက ကြားလိုက်ရတဲ့အသံကို မေ့သွားတာများလား....?''

လုချင်းယီတစ်ယောက် မျက်နှာ ရဲတွတ်လာ၍....

" ရှန်းရီ...!''

" ဘာလဲ...? ဒီကောင်ကို နှင်ထုတ်ရမယ့်အချိန်ရောက်ပြီ....သူက တစ်ပတ်ပဲနေမယ်လို့ ပြောထားတယ်လေ....''

ရှန်းရီက ထပ်ပြော၏။

" ရွှီ....မင်းကို အရင်အပတ်ထဲက ငါ...မောင်းထုတ်ချင်နေတာနော်....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now