Chapter 187- Xiao Long Pick up (Z & U)

Start from the beginning
                                    

Jiang Liu၏ မျက်နှာက နည်းနည်းတော့ ပြောင်းသွားကာ ဘာ့ကြောင့် Ling Xiao အဲဒိကိစ္စကို ရုတ်တရက်အစဖော်မှန်း သူမသိပေ။ သူက ရုတ်တရုတ် ဒီမှာဆက်နေဖို့ မရဲတော့ပဲ အကြောင်းပြချက်တစ်ခု ရှာကာ မြန်မြန်ထွက်ပြေးတော့သည်။ အဆုံးချိန်ထိ Jiang Liu တစ်ယောက် You XiaoMo သူ့အနောက်မှာ တစ်ချိန်လုံး မတ်တပ်ရပ်နေတာ ကို မသိသွားပေ။ Jiang Liu သူ့စကားနှင့်သူ ပြန်ညပ်သွားတာကို မြင်ပြီးတော့ You XiaoMo အော်ရယ်မိတော့ မလိုတောင် ဖြစ်သွားသေးသည်။

Jiang Liu နှင့် စပ်လျဉ်းပြီးတော့  You XiaoMo က သူ့ရဲ့ သဘာဝအမှန်ကို သိထားပြီး ဖြစ်သည်။ အဲဒါတင်မက သူအရင်က အရမ်းတုံးမှန်းလဲ မှတ်မိသည် ဥပမာ Ling Xiao အခုလေးတင် ပြောလိုက်သော Wu Shaungတောင်က မတော်တဆမှုပေါ့

အဲဒိအချိန်တုန်းက Wu Shaung တောင်မှာ Jiang Liu က သူနှင့်အတူသွားဖို့ကို လှည့်စားခဲ့သည်။ သူ့လုပ်ရပ်က ပေါ်သွားသော်လည်း Jiang Liu က သူက Tang YunQi၏ ခြိမ်းခြောက်မှု ခံရလိုပါဟု ဆိုကာ သူ့ကို လှည့်ဖြား ပြောဆိုသေးသည်။ အခုတော့ သူအဲဒါကို တွေးမိသွားသည် ထိုအလိမ်အညာများက တကယ်တော့ ချွတ်ယွင်းချက်တွေ ရှိသည်။ သို့သော်လည်းပဲ သူက အခုထိ အဲဒါကို သဘောမပေါက်သေးပေ။ Jiang Liu က ကောင်းကင်တောင်ထွတ်မှ ဆရာFeng ၏ ထိပ်တန်းတပည့်ဖြစ်သည်။ ဆရာFeng က Jiang Liu ကို တန်ဖိုးထားသည်မို့ Tang YunQiက သူ့ကို အနိုင်ကျင့်စရာ လမ်းမရှိပေ။ Tang YunQi ၏ အဖေက Tang Fan ဖြစ်နေတာတောင် ကောင်းကင်တောင်ထွတ်၏ ဆရာFeng ၏ အဆင့်အတန်းနှင့်ဆို Tang Fan က သူ့အောက်က လူသာ ဖြစ်သည်။ ဒီတော့ သူ(မ)က သူ့ကို အနိုင်ကျင့်စရာ လမ်းကို မရှိပေ။ သူက အဲဒါကို ယုံတာ တော်တော်တုံးခဲ့တာဖြစ်မည်။

အခုတော့ သူအဲဒါကို ပိုတွေးကြည့်လေ ဒီလူ တကယ့်ကို တော်တော် မျက်နှာများတာပင်။ အပေါ်ယံတော့ အန္တရာယ် ကင်းပုံနှင့် တကယ်တော့ အကောက်ကျစ်ဆုံးသော သူဖြစ်နေသည်။ အပြစ်ကင်းသလို အန္တရာယ်မရှိသလို ဟန်ဆောင်နေကာ တကယ့်တော့ အလွန် စိတ်ထားသေးနုတ်သူပင်။ သစ္စာဖောက်ကာ နောက်ကျောဓါးနှင့်ထိုးမည့် အမျိုးအစားပင်။

ကံကောင်းစွာနှင့် သူဒါကို သဘောပေါက်တာ သိပ်နောက်မကျသေးပေ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now