Part_18​ (Zawgyi)

Start from the beginning
                                    

နေမကောင်းနေတာကြောင့် အနည်းငယ်ပူနွေးနေတဲ့ ကလေးငယ်၏ လက်ကောက်ဝတ်လေးအား​ ဖြေးညှင်းစွာလွှတ်ချကာ ကျောခိုင်းလှည့်ထွက်လာခဲ့လိုက်သည်။

ခြေလှမ်းတွေဟာ ဦးတည်ရာပျောက်နေခဲ့ပါပြီ။

နေစရာအိမ်ရှိလျက်၊ လုပ်စရာအလုပ်ရှိလျက်နဲ့ ဘယ်​သွားလို့​ ဘာလုပ်ရမှန်းမသိတဲ့ ကျွန်တော့်ရဲ့စိတ်အခြေအနေဟာ မူမမှန်ခဲ့ပေ။ မြတ်နိုးတန်ဖိုးထားရတဲ့ပစ္စည်းလေးတစ်ခု ပျောက်ရှသွားသလို ရင်ထဲမှာဟာတာတာနှင့် ဘယ်လိုမှနေလို့မကောင်းပါ။ မွန်းကြပ်မှုကြောင့် အသက်ရှုဖို့တောင်ခက်ခဲနေ၏။

ရင်ထဲမှာဖြစ်ပျက်နေတဲ့ အလုံးစုံကို တစ်စုံတစ်ယောက်အား ရင်ဖွင့်ပြောပြချင်သည်။ ဒီလိုအချိန်မှာ​  ပထမဦးဆုံးသတိရမိသူက Jakeပင်။ ထို့ကြောင့်​ ယုံကြည်မှုကိုလက်ကိုင်ထားကာ သူငယ်ချင်းဖြစ်သူJakeအား ဖုန်းခေါ်လိုက်၏။

"Hello... Jung ကြီး"

"Berry barကိုလာခဲ့ Jake... ငါမင်းကိုရင်ဖွင့်စရာတွေ အများကြီးရှိတယ်။"

"နောက်ဆုံးတော့ ရင်ဖွင့်တော့မယ်ပေါ့။ ကောင်းပြီ သားကြီး... ငါအခုပဲထွက်လာခဲ့မယ်။"

"အင်း"

ကျသွားတဲ့ဖုန်းလေးနှင့်အတူ ကျွန်တော့်ခြေလှမ်းတွေဟာ ကားပါကင်ရှိရာ ဦးတည်သည်။

"အကြာကြီးတော့ပစ်မထားပါနဲ့ ကလေးငယ်ရေ...Hyungမနေတတ်လို့ပါကွာ...ဟင်း"

တီးတိုးရေရွတ်ရင်း သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ကားလေးအားစက်နှိုးပြီး Barရှိရာသို့ စတင်ထွက်ခွာလာခဲ့လိုက်သည်။ ရင်ထဲမှာတော့ နောင်တတွေတစ်ပွေ့ တပိုက်နဲ့ပေါ့။

......................
......................
......................

"ဘာသောက်မလဲ အစ်ကို"

ကောင်တာကကောင်လေးရဲ့အမေးအား ကျွန်တော်ဘယ်လိုပြန်ဖြေရမလဲမသိပါ။ ဟိုးတစ်ခေါက်က ကလေးငယ်တိုက်သည့်ဝိုင်တောင် ပထမဦးဆုံးသောက်ဖူးခြင်းဖြစ်သည်။ အခုအရွယ်ထိအရက်သေစာ​ မသောက်စားဖူးတဲ့ကျွန်တော်ဟာ အရက်ရဲ့အမည်နာမတွေကို ဘယ်လိုလုပ်သိမည်လဲ။ သို့ကြောင့်​ ခေါင်းကုပ်ဖင်ကုပ်ဖြင့် ကျွန်တော့်အဖြေကိုမျှော်နေတဲ့ကောင်လေးအား...

Second Person (Season_1)​(Completed)​Where stories live. Discover now