"အမလေး...ထွေးရီရယ်...ငါ့ကို နင်ပြောတော့ ချစ်တာပါဆို...ခုတော့ လင်ယူပြီတဲ့လား..... အီး.....ဟီး.....
မိန်းမတွေ ရက်စက်လိုက်တာ....."

"အာ့ကြောင့်ယောကျာ်းယူလို့ပြောတာပေါ့ ဂေါ်လီသားရယ်...."

"သေနာမတွေ....သူများအသည်းကွဲတာကောင်းကောင်းမကွဲရဘူး.... အဲ့ဒါကြောင့် နင်တို့ကိုကြိုက်မယ့်သူမရှိတာ...."

ပြောလဲပြော ​ေထာင်ထားတဲ့ ဒူးပေါ်မှ ဘောင်းဘီအမဲအပွကြီး၏မျက်ရည်တွေရော နှာရည်တွေရောကို သုတ်ဖယ်နေသည့် ညီသုနောင် ကို ခေါင်းတခါခါနှင့်ကြည့်နေသည်က သူငယ်ချင်းမလေးနှစ်ယောက်ပင်။ သူမတို့ရွာကိုလိုက်ခဲ့စဥ်က ထိုထွေးရီဆိုသည့်ကောင်မလေးကို သုနောင် မိတ်ဆက်ပေးခဲ့သည်မို့ သူမတို့လည်းသိပြီးသားပေ။
အစစ်မမို့ ပြုံးသာပြခဲ့သည်။ အစစ်မက အိန္ဒြေကြီးတစ်ခွဲသားနဲ့ ချေသည်မို့ မရောမိပါ။ အခုတော့လင်ယူပြီမို့
ပျော်ပါသည်။

သုနောင်၏ပုံကလည်း အသားအရည်က ဖြူမနေပဲ၊ဝါညက်ညက်နှင်ပေ။ ထော်နေသည့်နှုတ်ခမ်းနှင့်ထူထူထဲထဲမျက်ခုံး၊
မျက်ဝန်းမှေးသော်လည်း မျက်တောင်တို့ကရှည်ကော့သည်။
အရမ်းကိုဂေါ်သော သားအဖမို့ ဝတ်စားသည်ကတော့ အဲဗားဂေါ်သည်။ တကယ့်ကို အီမီနမ်ဒီဇိုင်း၊ မိုက်ကယ်ဂျက်ဆင်ဒီဇိုင်းတွေကို ဝတ်ကာ တကယ့်အဂေါ် ဂေါ်လီ့သားပေ။
သို့သော်လည်း ဖူဂျိုရှီပီပီသူဟာ ဘယ်လောက်ကျားပြပြ roleခဲဲပြီးသား အုခဲပဲဖစ်မည်ဟု အတတ်သိနေသည်မို့ပေ။

"နင်ဟိုတနေ့ကလာတဲ့ CEOအတွက် ယောကျာ်းကိုရှာမနေနဲ့ဟာ..... နင်လုပ်လိုက်စမ်းပါ....ငွေလဲရမယ်...
နင့်အဖေလက်ကလဲလွတ်မယ်... မသကာ တကယ်ကြိုက်သွား အဟေးဟေး....."

အကောင်းမှတ်၍နားထောင်နေသည်ကို နောက်ဆုံးအဟေးဟေးနှင့် နှစ်ယောက်သားဖြစ်သွားသော ရုပ်ကိုကြည့်ကာ
စိတ်ပျက်သွားမိတော့သည်ကအမှန်။ ငွေတွေမြင်သည်။ မြင်သည်။ ထိုလူပြောသော တစ်လဆယ်သိန်းပေးမည်ဆိုသည့် ငွေတွေမြင်နေသည်က နှစ်ရက်ရှိလေပြီ။

"နင့်အသားပဲ့သွားတာလဲမဟုတ်ဘူး ညီသုနောင်....
ပြီးတော့ ဟိုကလဲ ဟန်ဆောင်ပေးရုံနဲ့ ၁၀သိန်းပေးမှာတဲ့နော်
၆လပဲတဲ့ ယတိပျက်ပြောပြီးသား.....
သူများကိုရှာမပေးနဲ့တော့လေဟာ...
နင့်အဖေလဲနင့်ကိုမိန်းမပေးစားနိုင်သလို... နင်လဲ ဆယ်သိန်းတောင်ရမှာ နည်းလား..... ကုမ္ပဏီကို စိတ်ချ ငါတို့လက်ထဲထားခဲ့..... "

He & Me - သူရယ် ကိုရယ် (Completed)Tahanan ng mga kuwento. Tumuklas ngayon