Part - 35

11.2K 1.2K 48
                                    

တံတားတစ်ခုပေါ်ကိုဖြတ်နေသည်မို့ ဘယ်နေရာလည်းမသိရပေ။ တစ်ဖက်ခြမ်းကိုကြည့်မိတော့ ကားမောင်းလို့ရသည့်တံတားနှင့်အပြိုင် ရထားဖြတ်မောင်း၍ရသည့် တံတားကိုတွေ့ရသည်။အမှန်ဆိုထိုတံတားကဘာလဲ ကျွန်တော်သိမည်မထင်ပါ။ ကျွန်တော်တို့ကားနှင့်အတူ အောက်ဘက်ရှိရေပြင်ကျယ်ကြီးကို ဖြတ်ပြေးကာကမ်းပေါ်သို့ရောက်ရေး အလုအယက်ခုတ်မောင်းနေသည့် ရထားကြီးကိုတွေ့နေရသည်ကြောင့် ရထားလမ်းဟုသိရသည်။

"ကိုဇေ....ဒါဘယ်ရောက်သွားပြီလဲ...."

"ညီပြောတဲ့ တောင်ဒဂုံစက်မှုဇုန်ကရှေ့နားဆို
ညာချိုးရင်ရောက်ပြီ....အဲ့နားရောက်မှ လူတွေကိုမေးစမ်းရတာပေါ့......."

ကားမောင်းနေရင်းခပ်အေးအေး ပြန်ဖြေလာသည့်ကိုဇေ့ကို ကြည့်ကာခေါင်းငြိမ့်ပြလိုက်ပါသည်။အချိန်ရယ်က ၂နာရီခွဲ ကျော်လို့ ၃နာရီထိုးကာ ညနေစောင်းတော့မည်။

"ဟယ်လို ဖွာဖွား....."

"မြေးငယ်လေး ဘယ်မှာလဲကွယ်......"

မနက်ကဟိုအမ အိမ်ထဲမှာပြောပြသည့်ကိစ္စကို ဒေါ်ကြီးလည်းတစ်စွန်း၊တစ်စကြားသည်မို့ ဖွားဖွားကိုအရိပ်အမြွက်
ပြောပြ၍နေမည်။ ဘယ်သွားနေနေ ရုံးဆင်းချိန်မရောက်မချင်း ဖုန်းမဆက်တတ်သည့်ဖွားဖွားမှာ ယခုလိုအစောပိုင်းဖုန်းဆက်သည်မို့ သက်ပြင်းချနေရုံမှ ဘာမှမတတ်နိုင်ပေ။

"ဖွားဖွား သားပြန်လာမယ်...
(သက်ပြင်းခပ်ဖွဖွထပ်ချကာ) ပြောပြစရာတွေရှိတယ်.... အရမ်းတော့မစိုးရ်ိမ်ပါနဲ့........"

အိမ်ရဲ့ဦးစီးဖြစ်သူမို့ အိမ်အကူများက အကျဉ်းရုံးတော့သိထားပါသည်။ ကောင်မလေးက ကင်ဆာနောက်ဆုံးအဆင့်ဆိုပြီး ဖြူစွတ်ကာသေတော့မယ့် လူမမာလိုဖြစ်နေသည်ဟုလည်း ဆို၏။ ညီသု ထိုသို့လုပ်ခဲ့သည်ကိုလဲ အကြောင်းရှိ၍နေပါမည်။ ယခုစိတ်ပူနေခြင်းမှာ အိမ်မှာမရှိပဲ ဘယ်သွားနေသည်မသိသည့် ညီသုလေးကိုပူမိ၍ပင်။ စိတ်တွေညစ်ကာ လုပ်ချင်ရာလျှောက်လုပ်ပြီး တစ်ခုခုများဖြစ်နေမလား ပူပန်ပါသည်။

"မြေး ....."

"ဖွားဖွား...ဘယ်သူ့ကိုမှ ဘာမှမပြောနဲ့ဦးနော်....
သားပြောတာ နားလည်တယ်မဟုတ်လားဟင်......."

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now