နေ့လည်စာစားပြီးချိန်သည် ၁၂နာရီခွဲသွားလေပြီ။
အစည်းအဝေးရှိနေသည်က ၁နာရီတွင် စကြမည်မို့ စာကြည့်ခန်းထဲဝင်ပြီး Laptopကိုဖွင့်ကာ အလုပ်လုပ်ရတော့သည်။ ကိုဗစ်နိုင်တင်းဆိုသည့်ကောင်သည် အမွှေစိန်ပင်။ ဆက်သွယ်ရေးလမ်းကြောင်းများပိတ်ထားသည်မို့ ဘာအလုပ်မှ အလုပ်လုပ်၍မရချေ။ သို့သော်လည်း စတေးဟုမ်းဖြစ်သည်ကလည်း တစ်ခုတော့ကောင်းပါသည်။ ညီ့ အနားအချိန်ပြည့်ကပ်နေ၍ရသည်မဟုတ်လား။အစည်းအဝေးပြီးချိန်က ၂နာရီခွဲသွားလေပြီ။ အခန်းပြင်ကိုထွက်ပြီး ညီနဲ့သားတွေကိုလိုက်ရှာကြည့်သည်။ တစ်အိမ်လုံးတိတ်ဆိတ်နေသည်မို့ ထူးတော့ထူးဆန်းနေသည်။
"မိနပ်ရေ....ဒေါ်ကြီးရေ......"
တွေ့ပါပြီ မီးဖိုခန်းတွင်းဘာတွေလုပ်နေကြသည်မသိ တကုတ်ကုတ်နဲ့ဟုတ်တော့ဟုတ်နေကြသည်။
"အဖွား......တီလေး.... ပူတင်းတွေလား....."
စွပ်ပြုတ်သောက်သည့် ပန်းကန်လုံးဆယ်လုံးထဲတွင် ပူတင်းလို အဖြူရောင်အိအိအတုံးများ။ မိနပ်တစ်ယောက်ကတော့
ခိုအိစိစိအတုံးကြီးကို စင်းတီတုံးပေါ်တင်ကာ ဓားဖြင့်လှီးနေသည်။"ပူတင်းမဟုတ်ဘူး နွားနို့....."
"အာ့ ဘာလုပ်ဖို့လဲ....."
"ကြော်စားမို့လေဟဲ့ နေ့လည်စာအချိုလေးဘာလေး...."
စိတ်မရှည် လက်မရှည်လေသံဖြင့်ပြိုင်တူပြောနေကြသည့် အဖွားနှင့် ဒေါ်လေး၏အပြောက်ု စိတ်မဝင်စားပေ။
ညီ့ အားမတွေ့ရသည်မို့ မေးရပေမည်။ သားတွေလဲပျောက်ချက်သားကောင်းနေသည်မို့ အိမ်၏ခေါင်းလောင်းသံများအား မကြားရချေ။'ကလေးတွေဆိုတာ အိမ်ရဲ့ဆည်းလည်းတွေလို့ပြောကြသည်မဟုတ်လား။ ဉာဏ်သု သားတွေသည် ခေါင်းလောင်းကြီးများပင်။ ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြားအော်ငိုတတ်ကြသည်မို့ ညီ့ လို့ပင် 'ဂေါ်ပေါက်နှစ်ကောင်' ကိုလည်းကြောက်ပါသည်။
ဂေါ်လီ့သားရဲ့သားတွေမို့ ဂေါ်ပေါက်လေးတွေ ညီကသူ့သားတွေကိုချစ်စနိုးခေါ်တတ်သေးသည်။
"အဖွား....."
"ဘာလဲ ဉာဏ်သုရယ်....ဘေးနားမှာ လာပူညံနေတယ်...."