Part - 56(Unicode)

9.5K 814 35
                                    

အစည်းအဝေးတွင်ထိုင်ကာ တင်ပို့ရမည့်ပစ္စည်းတွေနဲ့
ထုတ်လုပ်ရေးမန်နေဂျာ၊ အရောင်းပိုင်း မန်နေဂျာနဲ့ Marketing မန်နေဂျာ စသည့်စသည့်ဋ္ဌာနတွေကရှင်းပြလိုက်ကြပြီး ရီပို့တွေတင်ကြသည်။အကြိတ်အနယ်၊အပြိုင်အဆိုင် ဆွေးနွေးပြီးနောက် အစည်းအဝေးကြီးအောင်မြင်စွာပြီးသွားလေသည်။
၄နာရီပြန်ရောက်မည်ဟု ညီ့ကိုပြောခဲ့သော်လည်း ယခုက၄၅မိနစ်နဲ့သာ အားလုံးပြီးခဲ့သည်မို့ စောစောပြန်ကာ Supriseလုပ်ရမည်။

'သားတွေနဲ့နေ့ခင်းဘက်ကို အိပ်မှာဆိုသည့်ညီ.....ကလေးတွေနဲ့အပြိုင် အိပ်များပျော်နေမလား.....?

အိပ်ပျော်နေပါလျှင်လည်း သူ့ ဘေးနားကပ်ကာ ဖက်အိပ်ဦးမည်။ အတွေးတို့နဲ့အတူ ပြုံးလိုက်ပြီးနောက် ညနေစာကို ညီနဲ့အတူ စားသောက်ဆိုင်တစ်ခုမှာသွားစားပြီး ညီသွားချင်နေသည့်
rooftop barသို့လိုက်ပို့မည်ဟုတွေးထားသည်။ ထိုအကြောင်းပြောလိုက်လျှင် ညီ ဘယ်လိုတုန့်ပြန်မည်လဲ။ ပြေးပဲဖက်မလား။ ဖက်ပြီး ကိုက အကောင်းဆုံးလို့ပဲပြောမလား။ အချစ်ဆုံးလို့ပဲဆိုလာလေမလား။ အတွေးနဲ့ပင် အတောမသတ်နိုင်စွာပြုံးပြီး တစ်ယောက်တည်းသဘောခွေ့လို့ပင်။ အိမ်ပြန်ရန် အိတ်ကိုကိုင်ဆွဲချိန် အခန်းထဲမှ ရုံးဖုန်းမြည်လာသည်။ အခန်းရှေ့ကအတွင်းရေးမှုးအား ခိုင်းထားသည်မို့ ကိုယ်တိုင်ကိုင်လိုက်မိရာ ငယ့်အသံပင်။

အသံတွေကလဲ တမျိုးကြီးနဲ့ ဘာဖြစ်နေသည်လဲမသိပေ။
ပြတ်ပြတ်သားသားပြောခဲ့ပါသည်။ သို့ပေမယ့်လည်း အရမ်းကြီးတော့ ပစ်ပစ်ခါခါမလုပ်ချင်ပါ။ ကျွန်တော်ကမှားခဲ့သူမို့ အားလဲနာသည်။ ကောင်းကောင်းမွန်မွန်ပြန်ပြောကာ
​အမေးတို့ဆိုပြီး ကူညီဖို့သာတွေးလိုက်ပါသည်။
ကျွန်တော့်ကိုသူ့ဆီအတင်းလာစေချင်နေပြီး လုပ်ဇာတ်ဆင်ကာခေါ်နေသည်ဟုထင်မိ၏။
ကလိမ်ကကျစ်သိပ်ပြောတတ်သော သူ့အကျင့်လေးကိုသိထားသည်ကို။
မအားဘူးဟုဆိုမည်ကြံချိန်
အသံသေးသေးလေးနဲ့ မပြတ်မသားစကားတို့ကိုဆိုလာသည့် ငယ် က အစာအိမ်အောင့်၍လဲကျနေပြီဆိုခြင်းမှာ
စနောက်နေသည့်အသံမဟုတ်ခဲ့ပေ။ သူ၏အဖေရော ၊မိသားစုတွေရောက ဆက်သွယ်လို့မရဟုဆို၏။ ကယ်ပါဆိုခြင်းကြောင့်ရော အစာအိမ်ရောဂါရှိနေသူမို့ ပစ်မထားသင့်ဘူးဟုတွေးပြီး ဆေးရုံပို့ပေးရန်သာတွေးလိုက်သည်။ သူ့မိဘတွေအား ကိုယ်တိုင်ဆက်သွယ်ကြည့်သည်။ ဖုန်းသာခေါ်နေပြီး မည်သူမှပြန်လည်မဖြေကြားခဲ့ချေ။ Spaရောက်နေတယ် ဆေးရုံပို့ပေးထားပါလား ဒီကပြီးရင်သွားကြည့်လိုက်မယ်ဟု နန္ဒမိုးနေ၏အမေကပြောလာ၏။ ဆက်မပြောတော့ပါပဲ သူနေထိုင်ရာ
တိုက်ခန်းသို့သွားလိုက်သည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now