Part - 43

10.5K 1.2K 56
                                    

"ဘာ ဘာဘူး......ဟား..... ဂူဂူးလေးရေ.....ဝါး......"

"ခ်ခ်....ဖေ.....ခ်ခ်...."

အနောက်ခန်းတွင်ထိုင်ပြီး သားလေးအား ပေါင်ပေါ်တင်ကာ မျက်နှာချင်းဆိုင်စေလျက် သားရဲ့လက်ကလေးနှစ်ဖက်ကိုဆုပ်ကိုင်လို့ တူဝါးဆော့ပေးနေသည်ကို သဘောကျနေသည့် သားလေးက ခိုးခိုးခစ်ခစ်ရယ်နေလေတော့သည်။
ဆော့ချင်၍ဆော့နေခြင်းတော့မဟုတ်ပါ။ သားကအိပ်ရင်းလိုက်လာရာက နိုးလာတော့ ဘေးဘက်ကိုကြည့်ပြီး ပါး ဟုပြောသည်။ သားအသံသေးသေးမပီကလာ ပီကလာလေးကိုတော့ ကိုဉာဏ် မကြားပေ။ ပါးဆိုသည်ကြောင့် ကားမောင်းနေသည့် ကိုဉာဏ် ရှိရာသို့ မသိမသာလေးလှည့်ကာ ပြလိုက်တော့ ရှေ့ခုံကိုသွားရန်လက်ငြိုးထိုးပြသည့် ကိုယ်တော်ချောလေးကြောင့် ရှေ့သွားချင်သည့်စိတ်ပျောက်အောင် ဆော့ကစားပေးနေဖြစ်သည်။ နန္ဒမိုးနေ ပါလာသည်မို့ သားနဲ့ကျွန်တော်နောက်ခန်းတွင် လွတ်လွတ်လပ်လပ်ထိုင်လိုက်ခြင်းပေ။

"အာ....ဂူဂူးလေး........ "

"ဟို.......ဟို.......ပါး........"

ရှေ့ခန်းကိုပဲလက်ငြိုးထိုးကာ တဟိုဟိူနဲ့ သူ့ပါပါးရှိရာသွားမည်ဟုဆိုနေသည့်သားက ဆော့ကစားပေးလို့လဲမရတော့ ကော့ထိုးကာ ကိုယ်ပေါ်တွင်ထွန့်ထွန့်လူးနေသည်မို့ စိတ်တွေညစ်လာရတော့သည်။

နောက်ခန်းထဲက အသံစုံထွက်လို့ဆော့ကစားနေသည့် ညီသုနဲ့ဘယ်ကမှန်းမသိရသည့် ကလေးပေါက်စကို နောက်ကြည့်မှန်မှ လှမ်းလှမ်းကြည့်ကာ ကိုကိုတစ်ယောက်ပြုံးနေရင်း ကားမောင်းနေသည်။ ကိုကိုကြည့်နေသည်ကိုသိ၍လားလည်းမသိ ထိုနှစ်ယောက်ကလည်းအသံစုံထွက်လို့ ဆော့ကစားနေသည်ကမရပ်ပေ။ ဘေးမှကျွန်တော့်အား ရှိတယ်လို့ပင်၊ ပါလာသည်ဟုပင် မထင်သည့်ကိုကို့ကို ကြည့်ကာ စိတ်ကလဲတကယ်တိုလာရသည်။

ညီသုက သူ့သူငယ်ချင်းပါဟုလူကြီးတွေကိုလိမ်ပြောပေးထားသည်မို့ အေးအေးဆေးဆေးရွာသို့လိုက်၍ရခဲ့လေသည်။ ကိုကို့မျက်နှာကတော့ သုန်မှုန်ကာ မျက်မှောင်ကြီးကလည်း ကြုတ်ထားသေးသည်။ အလိုမကျသည်ကိုသိသည်။
ကိုကို့နောက်ကိုလိုက်မှရမည်။ ကိုကို့ ရည်းစားဟောင်းကရွာမှာရှိသည်မို့ သူတို့ပြန်ဆုံပေး၍တော့မရပေ။
ကျွန်တော့်လုပ်ရပ်တွေပေါ်ကုန်ပြီး ကိုကိုထားခဲ့မည်ကို သေလောက်အောင်ပင်ကြောက်ပါသည်။
နားတွေတကယ်ငြီးလာသည်မို့ အော်ပစ်လိုက်သည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now