Part - 6

13.2K 1.5K 45
                                    

ဘာလိုလိုနဲ့ကျွန်တော် ကိုဉာဏ်ရဲ့အိမ်သို့ရောက်နေသည်က ယခုဆိုတစ်ပတ်ပင်ပြည့်လို့ ဟိုဘက်က နှစ်ရက်ချေးကာ ပေါင်းထည့်ထားရသည်။ အန်တီလေးတစ်ယောက် ခရီးသွားသည်မို့ ကျွန်တော်လည်း လွတ်လပ်နေသည်ကအမှန်ပင်။
သူမရှိလျှင် သူမရုံးသွားချိန်တိုင်း ရုံးသို့ခေါ်သွားတတ်သည်မို့
ကျွန်တော့မှာမိုးလင်စတည်းက ကိုဉာဏ်သု ရဲ့အနောက်ကိုလိုက်ကာ ရုံးခန်းထဲ ဂိမ်းဆော့ရင်ဆော့၊ မဆော့လျှင် ဖုန်းသုံး မဟုတ်ရင် ရုပ်ရှင်ကြည့် နောက်ဆုံးအိပ်ပင်ပျော်သည်။
ကျွန်တော့်အကျိုးဆောင်ရုံးကို ရုံးထိုင်သွားတော့လည်း
သူမကရောက်လာကာ လာခေါ်သည်မို့ အင်တင်တင်နဲ့လိုက်ရသည်။ မလိုက်လို့လဲမရပေ။ ကျွန်တော့်ယောကျာ်းအတုရဲ့အဒေါ်လေ ရိုသေမှုတော့ထားပေးရမည်မဟုတ်လား။

"ဘာတွေ သက်ပြင်းချနေတုန်း ညီသု...."

​လက်ကောက်ဝတ်မှကြယ်သီးကိုတပ်နေစဥ် မှန်ချပ်ပေါ်တွင်မြင်နေရသော ကုတင်အထက်မှ လက်နှစ်ဖက်ကို ဘေးတစ်ဖက်၊တစ်ချက်တွင်ထိုင်ကာ လက်မှာလဲ လက်ကောက်တွေကဝတ်ထားပြီး ပန်းစီရောင်အကျီလက်ဇကာ့အပွနဲ့
ဘောင်းဘီအဝါရောင်နုနုလေးကိုဝတ်ထားပြီး မှုန်သုန်ကာ သက်ပြင်းတချချနဲ့ ကောင်လေးကိုကြည့်ပြီး မေးလိုက်မိပါသည်။

"စဥ်းစားနေတာဗျာ ကျွန်တော်လူငှားမရှာပေးပဲ ကိုယ်တိုင်ဝင်လုပ်မိတာ မှားပြီလားလို့ပါ...."

အဖေ့ကို ဘယ်လိုရှင်းရမည်လဲမသိသေး။ အဖေ့ကြောင့် ရူးရတော့မည်။ အဖေပို့ထားသည့် စာတွေကိုမြင်တော့ လူကမရှိတဲ့ သွေးတိုးရောဂါအပြင်၊ ဆီးချိုတွေရော၊ နှလုံးတွေရော သွက်ချာပါဒလိုက်ပြီး ၉၆ပါးရောဂါတင်မက ၁၀၁ပါးရောဂါနဲ့ နတ်ပြည်သာတက်​ေနပလိုက်ချင်တော့သည်။
နတ်သမီးစကီတစ်ဖက်၅၀၀နဲ့ပေါင်းရင် ၁ထောင်တောင်ရှိသည်လေ။ ယခုအဖေလုပ်ပုံက တကယ်လင်ရတော့မှာကျိန်းသေနေပြီမို့ ကြောက်ကြောက်လန့်လန့်နဲ့ အဖေ့ ဖုန်းကို ဘလော့ထားရသည်။ ဘယ်လိုမှ ရှင်းပြ၍မရ။
အတင်းကို မဂ်လာဆောင်ပေးမည်ဟုပြောနေသည်မို့
တကယ် တကယ် အဖေဟာ နာမည်နဲ့လိုက်အောင် ဂေါ်နေသည့် ဂေါ်လီကြီးပင်။ ကျွန်တော့်အတွက်တော့ ချစ်မဝသော်လည်း တပါးသူ၊ ဥပမာ ကိုဉာဏ်အတွက် လောက်စလုံးကြီးဖြစ်နေမည်ကိုမလိုလားပါ။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now